ဒီကနေ့ မတ်လ (၂၈)ရက်နေ့မှာ ပြည်ပကနေပြီး ရန်ကုန်လေဆိပ်ကိုဝင်ရောက်လာတဲ့သူတွေကို Quarantine ထားဖို့ နေရာအခက်အခဲရှိနေတာကြောင့် ပြည်ပကပြန်လာသူတွေအနေနဲ့ လေဆိပ်မှာ ယာယီနေထိုင်နေရတာ ဖြစ်ပါတယ်။
photo -Thein Hlaing Htoo
ရန်ကုန်မှာ ပြည်ပကပြန်လာတဲ့ သူတွေကို Hotel Quarantine နဲ့ Facility Quarantine ထားဖို့ လူ ၁၅၆၆ ယောက်စာ ပြင်ဆင်ထားတဲ့ နေရာ(၁၅)နေရာမှာလည်း နေရာအားလုံးပြည့်သွားပြီ ဖြစ်လို့ ပြည်ပကနေ နောက်ထပ်ဝင်ရောက်လာတဲ့တွေကို Quarantine ထားဖို့ နေရာအခက်အခဲရှိနေတာပါ။
“ အခုထိတော့ နေရာတွေရှာနေဆဲပါ။ ခုမနက်ပိုင်းမှာတော့ ထပ်တိုးနေရာတွေအဖြစ် မင်္ဂလာဒုံမှာရှိတဲ့ သဲအင်းဂူဘုန်းကြီးကျောင်းတိုက်နဲ့ သုဝဏ္ဏကွင်းက မြန်မာ့လက်ရွှေးစင်အသင်းအိပ်ဆောင်တွေမှာ လေဆိပ်ကရောက်လာတဲ့ သူတွေကို ရသလောက်ထားထားပါတယ်။ ဒီညမှာလည်း သံလျင်က မဇ္ဈိမဂုဏ်ရည်ကျောင်းတိုက်မှာပြင်ဆင်ထားတယ်။ အခုလေဆိပ်က ဝင်ရောက်လာတဲ့ သူအားလုံးအတွက် နေရာလုံလောက်မှု ရှိ၊ မရှိကတော့ မသေချာသေးဘူး။ ရသလောက်တော့ နေရာတွေရှာနေတယ်လို့ “ သင်္ကန်းကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် (၁)မှဦးနေဘုန်းလတ်က Duwun ကိုပြောပါတယ်။
ရန်ကုန်မှာ Quarantine ထားဖို့ စီစဉ်ထားတဲ့ နေရာအားလုံးပြည့်နေပြီဖြစ်တယ်လို့ နောက်ထပ်နေရာတွေ ပြည်ပကနေ လူအများအပြားဝင်ရောက်လာတဲ့ အခါမှာ အခက်အခဲရှိနိုင်လို့ နေရာတွေထပ်ရှာနေတယ်လို့လည်း ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကလည်းပြောထားပါတယ်။
လက်ရှိမှာတော့ ပြည်ပကနေ ရန်ကုန်လေဆိပ်ကိုရောက်ရှိလာတဲ့သူတွေအနေနဲ့ Quarantine ထားဖို့ နေရာမရှိသေးတာကြောင့် လေဆိပ်မှာ အဆင်ပြေသလို လဲလျောင်းအိပ်နေတဲ့ ပုံတွေ လူမှုကွန်ရက်မှာလည်း ပြန့်နှံ့လျှက်ရှိနေပါတယ်။
ဒီကနေ့ မတ်လ (၂၈)ရက်နေ့မှာ ပြည်ပကနေပြီး ရန်ကုန်လေဆိပ်ကိုဝင်ရောက်လာတဲ့သူတွေကို Quarantine ထားဖို့ နေရာအခက်အခဲရှိနေတာကြောင့် ပြည်ပကပြန်လာသူတွေအနေနဲ့ လေဆိပ်မှာ ယာယီနေထိုင်နေရတာ ဖြစ်ပါတယ်။
ပြည်ပက ပြန်လာသူတွေကို ထားရှိဖို့ Hotel Quarantine အနေနဲ့ Yangon Airport Hotel, 7 Mile Hotel, Gandama Hotel, Myanmar Life Hotel, Shwe Pyi San Hotel, City Hotel (Botahtaung) စတဲ့ ဟိုတယ် ၆ ခုနဲ့ Facility Quarantine ၉ ခုဖြစ်တဲ့ မှော်ဘီဓမ္မဒူတဆေကိန္ဒာရာမကျောင်းတိုက်၊ Tarmwae Training Center, Myanmar Football Federation, Thuwunna Football Academy, MICT, တောင်ဒဂုံသီရိဂုဏ်ဝေဓမ္မဗိမာန်၊ ဓမရံသီကျောင်း (ဝ) မိုင်၊ မြရွှေပင်ဘုန်းကြီးကျောင်းနဲ့ အောင်အကယ်ဒမီတို့မှာ စုစုပေါင်း လူ ၁၀၈၀ ယောက်စာ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။