ဖြစ်ေ့ါ်လာနိုင်တဲ့ မှတ်တမ်း၊ အကြောင်းအရာတွေကို ဖော်ပြပေးထားပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ၃၀ ကတော့ စပါး ၁-၁ ယူနိုက်တက်ပွဲစဉ်နဲ့ အစပြုခဲ့ပါပြီ။ ပြန်လည်ပြီးတော့ စတင်ကစားချိန်မှာပဲ ပွဲကောင်းတွေပါဝင်ခဲ့ပြီး ပရိသတ်တွေလည်း တော်တော်လေးကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ကြတာကို တွေ့ရပါတယ်။ ပွဲစဉ်တစ်ပွဲပြီးတိုင်းမှာ ထူးခြားတဲ့စံချိန်မှတ်တမ်းတွေ၊ ရလဒ်တွေထွက်ပေါ်နေခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ညကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမတိုင်ခင်မှာ ကစားမယ့်ပွဲစဉ်တွေနဲ့့ပတ်သက်ပြီးတော့ အထူးခြားဆုံးလို့ဆိုရမယ့် အချက်လေးတွေကို ထုတ်နုတ်ဖော်ပြပေးချင်ပါတယ်။ ဒီမှတ်တမ်းတွေက ဘယ်လိုတွေပြောင်းလဲသွားမလဲ၊ ထပ်မံဖြစ်ပေါ်လာမလဲဆိုတာကို အတူတူစောင့်ကြည့်လိုက်ကြရအောင်။


ဝက်ဖို့ဒ် - လက်စတာ

- ဒီပွဲရဲ့ ထူးခြားမှုတစ်ခုကတော့ ဝက်ဖို့ဒ်ဟာ လက်စတာနဲ့ ကစားခဲ့တဲ့ အိမ်ကွင်းနောက်ဆုံး ၃ ပွဲစလုံးကို အနိုင်ရရှိထားခဲ့တာပါ။ နောက်တစ်ခုကတော့ ပွဲအားလုံးက ၂-၁ နဲ့ပဲ ပြီးဆုံးခဲ့ပြီး ဒီတစ်ကြိ်မ်မှာလည်း အဆိုပါရလဒ်ထွက်ခဲ့မယ်ဆိုရင် လေးကြိမ်ဆက်နိုင်ပွဲကို ၂-၁ နဲ့ချည်းပဲ အနိုင်ရတာဖြစ်လာမှာပါ။ ဝက်ဖို့ဒ်ရဲ့ အခုလိုမှတ်တမ်းကို ပိုပြီးတော့အားကောင်းစေတာကတော့ လက်ရှိနည်းပြနီဂယ်လ်ပီယာဆန်တာဝန်ယူပြီးတဲ့ ဒီဇင်ဘာကစပြီး ပရီးမီးယားလိဂ်မှာ ဝက်ဖို့ဒ်က ၁၃ မှတ်အထိ အိမ်ကွင်းရမှတ်စုဆောင်းခဲ့ပြီး သူတို့ထက်အိမ်ကွင်းရလဒ်ကောင်းခဲ့တာက လီဗာပူးလ်တစ်သင်းတည်းပဲရှိခဲ့ပါတယ်။ ပြီးတော့ အိမ်ကွင်းပွဲ ၇ ပွဲအထိ ပေးဂိုးမရှိခဲ့ဘဲ ပရီးမီးယားလိဂ်ရဲ့ အိမ်ကွင်းခံစစ်အကောင်းဆုံးအသင်းတွေထဲမှာ ပါဝင်နေတာပါပဲ။ ဒီအချက်တွေကို ထောက်ရှုမယ်ဆိုရင် လက်စတာအတွက်တော့ ဝက်ဖို့ဒ်က တော်တော်လေးခက်ခဲမယ့်ပြိုင်ဘက်ဖြစ်နေပါလိမ့်မယ်။


- ကစားသမားအနေနဲ့ဆိုရင်တော့ ဝက်ဖို့ဒ်ကစားသမားအစ္စမိုင်လာဆားက နောက်ဆုံး ၉ ပွဲမှာ ၇ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်ထားပြီးတော့ သွင်းဂိုးလေးဂိုးနဲ့ ဖန်တီးမှုသုံးကြိမ်ရှိခဲ့ပါတယ်။ လက်စတာတိုက်စစ်မှူးဗာဒီအနေနဲ့ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်မယ့် မှတ်တမ်းကို ရရှိတော့မှာပါ။ သူက ဒီရာသီမှာ ၁၉ ဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံးအဖြစ်ရပ်တည်နေပါတယ်။ 



ဘရိုက်တန်-အာဆင်နယ်

- ဒီပွဲနဲ့ပတ်သက်ပြီး မှတ်မှတ်သားသားဖြစ်နေရတာကတော့ ဘရိုက်တန်ဟာ ၂၀၂၀ ခုနှစ်အတွင်းမှာ နိုင်ပွဲလုံးဝမရသေးတဲ့ တစ်ခုတည်းသော ပရီးမီးယားလိဂ်ကလပ်ဖြစ်နေတာပါပဲ။ ဒါပေမယ့် သူတို့ရဲ့ ဒီမှတ်တမ်းဆိုးကို ချေဖျက်နိုင်ဖို့အတွက် ရင်ဆိုင်ရမှာက အာဆင်နယ်ဖြစ်နေလို့ မလွယ်ကူလောက်ဘူးလို့ ထင်တဲ့သူတွေ များပြားနေပါလိမ့်မယ်။ ဒါပေမယ့် အစဉ်အလာအရဆိုရင်တော့ ဘရိုက်တန်အနိုင်ယူသွားနိုင်တယ်ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ သူတို့နှစ်သင်း နောက်ဆုံးတွေ့ခဲ့တဲ့ လေးကြိမ်မှာ ၂ပွဲနိုင်ပြီး ၂ပွဲသရေကျကာ ဘရို်က်တန်က အသာစီးရရှိထားလို့ပါပဲ။ တကယ်လို့သာ နိုင်ပွဲမရခဲ့ဘူးဆိုရင် ဘရိုက်တန်ဟာ အသင်းသမိုင်းမှာ ၁ဝပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့တဲ့ စံချိန်ဟောင်းကို ပြန်ရတော့မှာပါ။ 

- အာဆင်နယ်ကတော့ လန်ဒန်မြို့ကမဟုတ်တဲ့ ကလပ်အသင်းတွေကို ဒီရာသီမှာ ၈ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး အဲဒီထဲမှာ အော်ဘာမီယန်တစ်ဦးတည်းက ၇ ဂိုးအထိ ပါဝင်နေခဲ့ပါတယ်။ အော်ဘာမီယန်က ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင်တော့ အသင်းသမိုင်းမှာ ပွဲအနည်းဆုံးကစားပြီးတော့ ဂိုးပေါင်း ၅၀ ပြည့်တဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာသ ူက ၇၆ ပွဲကစားပြီး ၄၉ ဂိုးအထိ ရရှိထားပါတယ်။ 


ဝက်စ်ဟမ်း - ဝုလ်ဗ်


- ဒီပွဲကို အရေးနိမ့်ခဲ့မယ်ဆိုရင် ဝုလ်ဗ်ဟာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၁၀၀ ပြည့်မြောက်သွားတော့မှာဖြစ်ပါတယ်။ 


ဘုန်းမောက် - ပဲလေ့စ်


- ဘုန်းမောက်ဟာ ဒီရာသီအိမ်ကွင်းပွဲတွေရဲ့ နောက်ဆုံး ၁၀ မိနစ်အတွင်းမှာ ဂိုးလုံးဝမသွင်းနိုင်တဲ့ တစ်ခုတည်းသောအသင်းအဖြစ် ဒီရာသီမှာ ရပ်တည်နေပါတယ်။ 

Share

Loading Next Article...
က္က