ဇာဗီကတော့ ဘာစီလိုနာကို နည်းပြအဖြစ် ပြန်လည်ရောက်ရှိလာတော့မှာပါ။

ဘာစီလိုနာဟာ မနေ့ညက ဗယ်လက်ကာနိုကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် နည်းပြ ရော်နယ်ကိုးမန်းကို ထုတ်ပယ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဘာစီလိုနာက နည်းပြအသစ် ခန့်အပ်တော့မှာဖြစ်ပြီး အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ဇာဗီက နည်းပြသစ်ဖြစ်လာဖို့ သေချာသလောက်ရှိနေပါပြီ။



အပြောင်းအရွှေ့မှာ နာမည်ကြီးတဲ့ ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုရဲ့ ပြောကြားချက်အရ ဇာဗီအနေနဲ့ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီး တရားဝင်အတည်ပြုကြေညာဖို့ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ ရိုမာနိုက “ဘာစီလိုနာက သူတို့ရဲ့နည်းပြသစ်ကို ကြေညာတော့မှာပါ။ အဲ့ဒီလူကတော့ ဇာဗီဖြစ်ပါတယ်”

“ဇာဗီက လွန်ခဲ့တဲ့ရက်အနည်းငယ်တည်းက အသင်းဥက္ကဌ လာပေါ်တာနဲ့ ဆွေးနွေးမှုတွေရှိခဲ့ပြီး ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို လက်ခံထားပြီးသားဖြစ်ပါတယ်။ အခုချိန်မှာ ဇာဗီ ကိုင်တွယ်နေတဲ့ ကာတာကလပ် အယ်လ်ဆတ်ဒ်နဲ့ စာချုပ်ဖျက်သိမ်းဖို့ကိစ္စကို စောင့်ဆိုင်းနေတာပါ”

“လာပေါ်တာကတော့ ဒီနေ့မှာပဲ ဇာဗီကို ဘာစီလိုနာနည်းပြသစ်အဖြစ် ကြေညာပါလိမ့်မယ်” လို့ အတည်ပြုပြောကြားသွားခဲ့ပါတယ်။ ဇာဗီဟာ ဘာစီလိုနာ အကယ်ဒမီ လာမာစီယာထွက်တစ်ယောက်ဖြစ်ခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝမှာလည်း ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလား (၄) ကြိမ်၊ လာလီဂါအမှတ်ပေးချန်ပီယံဆု (၈) ကြိမ် အပါအဝင် ဆုဖလားပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့တာပါ။

ဇာဗီကို အရင်တည်းက ဘာစီလိုနာနည်းပြဖြစ်ဖို့ မျှော်လင့်ခဲ့ကြပြီး အသင်းဘက်ကလည်း ကမ်းလှမ်းခဲ့ပေမယ့် သူကိုယ်တိုင်က အတွေ့အကြုံမပြည့်ဝသေးဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ဘာစီလိုနာကို ကိုင်တွယ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ဆိုခဲ့ပြီး လက်ရှိအချိန်မှာတော့ ကစားသမားဘဝ ဖြတ်သန်းရာ ဘာစီလိုနာကို နည်းပြအဖြစ် ပြန်လည်ရောက်ရှိလာတော့မှာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က