အိမ်ကွင်းမှာပဲ ဖောရက်စ်ကို အရေးနိမ့်သွားခဲ့ပါတယ်။

ပိုချက်တီနိုရဲ့ ချယ်လ်ဆီးကတော့ အိမ်ကွင်းမှာပဲ ရုန်းကန်သွားခဲ့ရပြီး နော်တင်ဟမ်ဖောရက်စ်ရဲ့ ဒုက္ခပေးမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ချယ်လ်ဆီးရဲ့ ပြသနာက တိုက်စစ်ပိုင်းမှာ ဂိုးသွင်းပေးမယ့်သူ မရှိတာဖြစ်ပြီး ဂျက်ဆန်ကလည်း အခွင့်အရေးတချို့ကို အသုံးမချနိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။ 

ကစားသမားသစ်တွေ ဝယ်ယူထားတဲ့ နော်တင်ဟမ်ဖောရက်စ်ကတော့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်တို့ကို အခက်တွေ့အောင် လုပ်နိုင်ခဲ့သလိုမျိုး ချယ်လ်ဆီးကိုလည်း ထပ်လုပ်ပြခဲ့ပါတယ်။ သူတို့ရဲ့ ခံကန်အားက တကယ်ချီးကျူးဖို့ကောင်းခဲ့ပြီး စတန်းဖို့ဘရစ်ချ်မှာ အိမ်ရှင်ကို တပွဲလုံးသောကတွေ ပေးသွားခဲ့ပါတယ်။ 

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာ ယူနိုက်တက်ကစားသမားဟောင်း အီလန်ဂါက ဖောရက်စ်အတွက် ဦးဆောင်ဂိုးကို ရယူပေးသွားခဲ့ပါတယ်။ ကိုင်စီဒိုရဲ့ အမှားကတဆင့် ဘောလုံးရလာပြီးနောက်မှာ အသင်းဖော်က သီယာဂိုဆေးလ်ဗားရဲ့ ပေါင်ကြားထဲက ထိုးပေးခဲ့တာကို အီလန်ဂါက အပိုင်ပိတ်သွင်းခဲ့တာပါ။ 

ချယ်လ်ဆီးတို့ ချေပဂိုးရဖို့ တိုက်စစ်ကို တင်ကစားခဲ့ကာ ကစားသမားသစ် ပယ်လ်မာကိုလည်း ပိုချက်တီနိုက ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ဖောရက်စ်က ခံစစ်ကို အားပြုသွားခဲ့ပြီး ဂိုးပြန်မပေးရအောင် အာရုံစိုက်သွားခဲ့လို့ ချယ်လ်ဆီးတို့ ချေပဂိုးရဖို့က ခက်ခဲနေခဲ့ပါတယ်။


ဂျက်ဆန်တယောက် စတာလင်ရဲ့ ပေးပို့မှုကနေ အပိုင်ပိတ်သွင်းခွင့်ရပေမယ့် သူ့ပိတ်သွင်းချက်က မြောက်တက်သွားလို့ နစ်နာခဲ့ရပါတယ်။ ဖောရက်စ်က ခံစစ်ကို သေချာလေး ကစားခဲ့ပြီး ချယ်လ်ဆီးတို့

Share

Loading Next Article...
က္က