အာဆင်နယ်နဲ့ပွဲကို အားပေးဖို့အတွက် လှုံ့ဆော်ခဲ့တာပါ။

အာဆင်နယ်နဲ့ ကစားရမယ့် ဒီနေ့ပွဲစဉ်မှာ မန်ချက်စတာတခုလုံး အပြာရောင်ဖြစ်နေဖို့အတွက် မျှော်လင့်မိကြာင်း မန်စီးတီးနည်းပြဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။ မန်စီးတီးဟာ တရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပြီး အာဆင်နယ်နဲ့ကစားရမယ့်ပွဲက အမှတ်ပေးဖလားအတွက် အဆုံးအဖြတ်ပွဲသဖွယ်ဖြစ်နေတာလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့် အာဆင်နယ်နည်းပြအာတီတာကတော့ ဒီပွဲက ဆုဖလားအတွက် အဆုံးအဖြတ်ပ​ေးမယ့်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ ဂွာဒီယိုလာကတော့ ဗိုလ်လုပွဲတပွဲလို့ တင်စားထားပြီး အိမ်ကွင်းအီတီဟတ်မှာ အာဆင်နယ်ကို သေချာလေး ရင်ဆိုင်ဖို့အတွက်လည်း ပြင်ဆင်ထားကာ အနိုင်ရရှိဖို့အတွက်လည်း မျှော်လင့်နေပါတယ်။ 

"အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်းတွေထဲက တသင်းနဲ့ ရင်ဆိုင်ရမှာက ဗိုလ်လုပွဲလိုပါပဲ၊ သူတို့က ကျနော်တို့ထက်လည်း ၅ မှတ်အသာရထားပါတယ်၊ ဒါကြောင့် မန်ချက်စတာတခုလုံး အပြာရောင်ဖြစ်နေဖို့ကို ကျနော် မျှော်လင့်ထားပြီး ကွင်းထဲကို လာအားပေးစေနိုင်ပါတယ်၊ ပွဲအစကနေ အဆုံးအထိ အံ့မခန်းဖွယ်ရာ အော်ဟစ်အားပေးသံတွေကို ကျနော်တို့ လိုအပ်နေပါတယ်"

"ဘာလို့လဲဆိုတော့ အာဆင်နယ်က နောက်ဆုံး ၃ ပွဲမှာ သရေကျခဲ့ပေမယ့် သူတို့မှာ ပွဲကို ကောင်းကောင်းပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေရှိနေပြီး ဒါကို ရပ်တန့်နိုင်ဖို့က ကျနော်တို့အတွက် အရမ်းအရေးကြီးနေလို့ပါပဲ" လို့ ဆိုခဲ့ပါတယ်။ ဂွာဒီယိုလာက အိမ်ကွင်းမှာ ပရိသတ်အားနဲ့လည်း အာဆင်နယ်ကို အသာစီးရယူဖို့ကို ပြောဆိုသွားခဲ့တာပါ။ 

မန်စီးတီးအနေနဲ့ ဒီရာသီ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်မယ်ဆိုရင် ၃ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်မှုဖြစ်လာမှာပါ။ ဒါဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်အသင်းက စွမ်းဆောင်ထားနိုင်ခဲ့မှုကို အမီလိုက်နိုင်မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က