လျော်ကြေးကိစ္စဆွေးနွေးနေပြီး နာရီပိုင်းအတွင်း ထုတ်ပယ်ခံရတော့မှာပါ။

ဆိုးလ်ရှားနဲ့ သဘောတူညီထားတဲ့ လျော်ကြေးကိစ္စကို ဆွေးနွေးနေတယ်လို့ သိရပြီး စာရွက်စာတမ်းကိစ္စတွေပြီးဆုံးပါက တရားဝင်ကြေညာလိမ့်မယ်လို့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ရေးသားဖော်ပြခဲ့ပါတယ်။ 


ဝက်ဖို့ဒ်ကို အရေးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းဘုတ်အဖွဲ့ဟာ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီး ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ဖို့အတွက် ဆုံးဖြတ်ခဲ့ပြီလို့သိရပါတယ်။ ဆိုးလ်ရှားနဲ့ သဘောတူညီထားတဲ့ လျော်ကြေးကိစ္စကို ဆွေးနွေးနေတယ်လို့ သိရပြီး စာရွက်စာတမ်းကိစ္စတွေပြီးဆုံးပါက တရားဝင်ကြေညာလိမ့်မယ်လို့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ရေးသားဖော်ပြခဲ့ပါတယ်။ 



အရှက်ရဖွယ်အရေးနိမ့်မှုအပြီးမှာ ဆိုးလ်ရှားကို စိတ်ရှည်သည်းခံပေးခဲ့တဲ့ ဘုတ်အဖွဲ့ဟာ အားချင်းပဲ အစည်းအဝေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အသင်းပိုင်ရှင်ဂလေဇာမိသားစုကလည်း ဇီဒန်းကိုခေါ်ယူဖို့အတွက် ညွှန်ကြားထားတယ်လို့သိရပြီး ဒီနေ့မှာပဲ ဆိုးလ်ရှားက ယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံရတော့မှာ သေချာသလောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ 

နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲ ၇ ပွဲမှာ တစ်ပွဲသာအနိုင်ရခဲ့ပြီး ၅ ပွဲအထိ အရေးနိမ့်ခဲ့တဲ့နောက် ဆိုးလ်ရှားအပေါ် ပရိသတ်တွေကပါ သည်းခံနိုင်စွမ်းကုန်ခမ်းခဲ့တာဖြစ်ပါတယ်။ မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ပွဲပြီးကတည်းက ရာထူးကနုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် ဆိုးလ်ရှားကို ဘုတ်အဖွဲ့က ကာကွယ်ပေးနေခဲ့ပြီး အသင်းအတွက် သင့်တော်သူလို့ ယူဆခဲ့ကာ ဆက်လက်စောင့်ကြည့်နေခဲ့ကြတာဖြစ်ပါတယ်။ 

ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာ အသင်းခြေစွမ်း၊ ရလဒ်က ဘယ်လိုမှလက်ခံနိုင်စရာမရှိတော့ဘဲ ရုပ်ပျက်ဆင်းပျက်အနေအထားမျိုးဖြစ်ခဲ့ပါတယ်။ အဆိုးရွားဆုံးကာလကို ယူနိုက်တက်တို့ ရောက်ရှိနေပြီလို့တောင်ဆိုရမှာဖြစ်ပြီး ဆိုးလ်ရှားဘက်က ဘယ်လိုမှဆွဲတင်ပေးနိုင်စွမ်းမရှိတော့တာလည်း အထင်အရှားဖြစ်လာခဲ့ပါတယ်။ ရော်နယ်ဒို၊ ဗာရန်းနဲ့ ဆန်ချိုတို့ကို ခေါ်ယူပေးခဲ့ပေမယ့်လည်း ထင်မှတ်သလိုဖြစ်မလာခဲ့တဲ့နောက် ယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်းဟာ အသင်းနည်းပြရာထူးကနေ သေချာပေါက်ဖယ်ရှားခံရတော့မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က