ဗြိတိန်ရုပ်သံတင်ဆက်သူ ပီးယာ့စ် မော်ဂန်က ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေကို ဟောကိန်းထုတ်ခဲ့ပြီး ပြင်သစ်နဲ့ ခရိုအေးရှားအသင်းတို့ဟာ ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။
ပီးယာ့စ် မော်ဂန်က ပရိသတ်ပေါင်း ၈ သန်းအထိ ရှိတဲ့ ၎င်းရဲ့ တွစ်တာအကောင့်ကနေ ၂၀၂၂ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေအတွက် ဟောကိန်းတွေကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ "ခန့်မှန်းချက်- ခရိုအေးရှားက အာဂျင်တီးနားကို အနိုင်ယူလိမ့်မယ်။ ပြင်သစ်က မော်ရိုကို ကို အနိုင်ယူပြီး ပြင်သစ်ကပဲ ခရိုအေးရှားကို ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အနိုင်ယူသွားလိမ့်မယ်"လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
မော်ဂန်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ၎င်းရဲ့ ရှိုးမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအပြီးမှာ လူသိများ ထင်ရှားလာခဲ့သူဖြစ်ပြီး အဲဒီအင်တာဗျူးကြောင့် ပေါ်တူဂီကြယ်ပွင့်ကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ စာချုပ်ဖျက်သိမ်းခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ပီးယာ့စ် မော်ဂန်ဟာ အာဂျင်တီးနားအသင်း ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခွာရလိမ့်မယ်လို့ ဟောကိန်းထုတ်မှုက အာဂျင်တီးနားကြယ်ပွင့် ဖလားရသွားမှာ မမြင်ချင်တဲ့ ရော်နယ်လ်ဒိုပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်စရာဖြစ်လာမှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ပွဲမတိုင်ခင် ဟောကိန်းထုတ်မှုတွေကို မှားယွင်းကြောင်း သက်သေပြသဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး လက်ရှိအချိန်အထိ ရှောင်ဖယ်နေတဲ့ ကမ္ဘာ့ဖလားကို ရယူနိုင်မယ့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။