ကာရာဘောင်းဖလားပွဲအဖြစ် ကစားရမှာပါ။

ဘန်လေနဲ့ ကစားရမယ့် ကာရာဘောင်ဖလားပွဲက ယူနိုက်တက်အတွက် ကလပ်ပွဲစဉ်တွေကို ပြန်လည်စတင်ရာမှာ အားကောင်းလာစေဖို့ အခွင့်အရေးဖြစ်ပေမယ့် အများကြီးမျှော်လင့်ထားလို့မရဘူးလို့ နည်းပြတန်ဟက်ဂျ်ကို ကစားသမားဟောင်းဆီဗက်စတြာက သတိပေးစကားဆိုလိုက်ပါတယ်။ ယူနိုက်တက်ကတော့ လွန်ခဲ့တဲ့ ၅ ပတ်က သူတို့ရဲ့ နောက်ဆုံးပွဲကိုကစားခဲ့အပြီးမှာ ပထမဆုံးအကြိမ်အဖြစ် ပြိုုင်ပွဲတပွဲကို စတင်ကစားရမှာလည်းဖြစ်ပါတယ်။ 

ဒီပွဲမှာတော့ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားအများစုဟာ ယူနိုက်တက်အတွက် ပါဝင်ကစားပေးဖွယ်မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် တန်ဟက်ဂျ်က လူငယ်ကစားသမားတွေနဲ့အတူ အသင်းကို ပေါင်းစပ်အသုံးပြုသွားရဖွယ်ရှိနေပြီး မန်စီးတီးအသင်းခေါင်းဆောင်ဟေငာ်း ကွန်ပနီကိုင်တွယ်နေတဲ့ ဘန်လေကို အိမ်ကွင်းမှာ ခက်ခက်ခဲခဲရင်ဆိုင်ရဖွယ်ရာရှိနေပါတယ်။ 

ဆီဗက်စတြာက "ဒါက သန်မာမှုအပြည့်နဲ့ ပြန်လည်စတင်ဖို့ အရေးကြီးတဲ့ပွဲလို့ ကျနော်ထင်တယ်၊ အခွင့်အရေးနည်းနည်းရှိနိုင်တယ်ဆိုပေမယ့်လည်း အများကြီးတော့မဟုတ်ဘူး၊ ဘန်လေက ချန်ပီယံရှစ်မှာ တောင့်တင်းတဲ့အသင်းဖြစ်နေပါတယ်၊ ဒီပွဲကို အနိုင်ရဖို့အတွက် ကြိုးစားရမှာပဲ၊ ဒီတော့ သန်မာတဲ့အသင်းတသင်းအနေနဲပ ကစားဖို့ အရေးကြီးပြီး လူငယ်ကစားသမားတွေ ကစားရမယ့်ပွဲလည်း ဖြစ်နိုင်ပါတယ်"

"ယူနိုက်တက်က ကြိုးစားသင့်ပါတယ်၊ ပြိုင်ပွဲတိုင်းကို အနိုင်ရအောင်ပေါ့။ အောင်မြင်မှုကို တည်ဆောက်ဖို့ တနေရာရာမှာ စတင်ရမှာပါ၊ ကာရာဘောင်းဖလားဖြစ်ဖြစ်၊ လိဂ်ပဲဖြစ်ဖြစ်၊ ယူရိုပါလိဂ်ပဲဖြစ်ဖြစ်ပေါ့၊ ဖလားတလုံးရယူနိုင်မယ့် အခွင့်အရေးကို ရယူရမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။ ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလားကတော့ ၂၀၁၇ နောက်ပိုင်း ယူနိုက်တက်တို့ ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးအဖြစ်နဲ့ ရှိနေတာပါ။ 

ဘန်လေကတော့ ချန်ပီယံရှစ်မှာ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့အသင်းဖြစ်ပြီး ကွန်ပနီလက်ထက်မှာ တိုးတက်လာတဲ့အသင်းဖြစ်ပါတယ်။ နောက်ဆုံး ၄ ပွဲဆက်တိုက်လည်း အနိုင်ရရှိထားတဲ့အသင်းဖြစ်ကာ ယူနိုက်တက်တို့ သတိထားကစားရမယ့်ပွဲအဖြစ်နဲ့ရှိနေပါတယ်။ 

Share

Loading Next Article...
က္က