စက္ကန့်တိုင်းကို တိုက်ပွဲဝင်သွားမယ်လို့ ဆိုခဲ့တာပါ။

ဒီနေ့ကစားရမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ စက္ကန့်တိုင်းကို တိုက်ပွဲဝင်သွားမယ်လို့ အက်သလက်တီကိုတိုက်စစ်မှူးဂရစ်မန်းက ပြောဆိုလိုက်ပါတယ်။ ပထမအကျော့မှာ တဖက်တဂိုးစီသရေကျခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ကွာတားဖိုင်နယ်တက်ဖို့အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရတော့မှာလည်းဖြစ်ပါတယ်။

ဂရစ်မန်းကတော့ ပထမအကျော့မှာ အရန်ကစးသမားအဖြစ်နဲ့သာ ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူ ဝင်ရောက်လာပြီးနောက်မှာ အသင်းအတွက် ဂိုးရနိုင်တဲ့အနေအထားကို အနီးစပ်ဆုံးပြုလုပ်နိုင်ခဲ့ပေမယ့် သူ့ရဲ့ကန်သွင်းချက်က တိုင်ထိထွက်ခဲ့လို့ နစ်နာခဲ့ရကာ ဒုတိယအကျော့မှာလည်း အစွမ်းကုန်အားထုတ်မယ်လို့ ပြင်သစ်သားကဆိုပါတယ်။ 

အနိုင်ယူပြီးနောက်တဆင့်ကိုတက်နိုင်ဖို့ မျှော်လင့်ထားတယ်၊ အသင်းအနေနဲ့ ဒါကိုလုပ်သွားမှာပါ၊ စက္ကန့်တိုင်းကို တိုက်ပွဲဝင်သွားမှာပါ၊ လှပတဲ့ပွဲတပွဲကို ကစားရမှာဖြစ်ပြိး ပရိသတ်အများကြီးလာမယ်ဆိုတာလည်း သိထားပါတယ်"

"ကျနော်တို့အတွက် အရမ်းအရေးကြီးတဲ့ပွဲစဉ်ဖြစ်ပြီး မဖြစ်မနေအနိုင်ရအောင်ကစားပြီး ခမ်းနားကြီးကျယ်တဲ့ညဖြစ်ဖို့ မျှော်လင့်ထားပါတယ်၊ ဒီအတွက်လည်း ယုံကြည်မှုရှိနေတယ်၊ ကျနော်တို့ကောင်းကောင်းကစားနိုင်မှာပါ"


ဘယ်သူပဲကစားကစားပါ၊ ပွဲပဲထွက်ရရ၊ လူစားပဲဝင်ရရ ကောင်းကောင်းလုပ်နိုင်မှာသေချာတယ်၊ ပွဲထွက်ခွင့်ရသူရော၊ လူစားလဲဝင်သူပါ ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာ ကျနော်သိတယ်၊ ပွဲချိန်အတွင်း အသင်းလိုအပ်တာတွေကို လုပ်ပေးဖို့၊ လူတိုင်းဆီက ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ရဖို့လည်း ကျနော်ယုံကြည်ထားတယ်" လို့ ဂရစ်မန်းက ပြောဆိုခဲ့ပါတယ်။ 

Share

က္က