ဘာကာနဲ့အတူ ရင်ဆိုင်ခဲ့ဖူးတဲ့အမှတ်တရတွေကို ပြန်သတိရမိတယ်လို့ ဆိုပါတယ်။

ဘာနေဗျူးကွင်းမှာ ပြန်လည်ကစားရမယ့်ပွဲစဉ်က သူနဲ့ မက်ဆီအတွက်တော့ အထူးပွဲစဉ်တခုဖြစ်တယ်လို့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာတိုက်စစ်မှူးနှစ်ဦးဟာ အယ်လ်ကလက်စီကိုပွဲစဉ်တွေကို ကြိမ်ဖန်များစွာကစားခဲ့ဖူးသူတွေဖြစ်ပြီး ဒီနေ့မှာတော့ ဘာနေဗျူးကွင်းမှာ ပီအက်စ်ဂျီကို ကိုယ်စားပြုပြီး ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ 

ဘာနေဗျူးမှာ ကစားခဲ့တဲ့ အမှတ်တရတွေကို ပြန်လည်အမှတ်ရမိတယ်လို့ နေမာက ဒီနေ့ပွဲမတိုင်ခင်မှာ ပြောဆိုခဲ့ပြီး ပီအက်စ်ဂျီအတွက် နိုင်ပွဲရအောင် ကြိုးစားပေးသွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။ ပထမအကျော့မှာ ပီအက်စ်ဂျီက ၁-၀ နဲ့ အနိုင်ရရှိထားလို့လည်း အခွင့်အလမ်းကကောင်းမွန်နေပြီး ဘာကာနဲ့အတူ ရီးရဲလ်ကို အနိုင်ရအောင်စွမ်းဆောင်ခဲ့သလိုမျိုးကို ပြန်လုပ်ပြဖို့လည်း နေမာက စိတ်အားထက်သန်နေပါတယ်။ 

"ကျနော့်မှာ အမှတ်တရတွေအများကြီးရှိပါတယ်၊ ဒီကွင်းမှာ ကျနော် ခဏခဏကစားခဲ့ဖူးတယ်၊ ဂိုးတွေလည်းသွင်းခဲ့ဖူးပြီး ဖန်တီးမှုတွေလည်း လုပ်ပြနိုင်ခဲ့တယ်၊ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရတာက တကယ်ထူးခြားပါတယ်၊ ဒီအတွက်လည်း ကျနော် အရမ်းကျေနပ်ပျော်ရွှင်မိတယ်၊ ပီအက်စ်ဂျီအတွက် သမိုင်းကြောင်းတွေဖန်တီးပေးဖို့ ရည်မှန်းချက်တွေနဲ့အတူ ဒီကို ရောက်လာခဲ့တာပါ"

"ချန်ပီယံလိဂ်ဗိုလ်လုပွဲက ပဲရစ်မှာကျင်းပမှာဖြစ်ပြီး ကျနော်တို့အတွက်ပါ၊ ဒါက တကယ်မယုံနိုင်စရာပါ၊ ဒီဆုဖလားအတွက် ကျနော်တို့ အချိန်အတော်ကြာအောင် လုပ်ဆောင်ခဲ့ပြီး ဒီပွဲက နောက်ထပ်ခြေလှမ်းတခုပါပဲ၊ ဒီပွဲက ကျနော်နဲ့ မက်ဆီအတွက်တော့ တကယ့်ကို ထူးခြားတဲ့ပွဲစဉ်ပါပဲ" လို့ နေမာက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ 

နေမာကတော့ ကစားသမားဘ၀မှာ ရီးရဲလ်မက်ဒရစ်နဲ့ ၁၁ ကြိမ်ရင်ဆိုင်ခဲ့ဖူးပြီး ၅ ပွဲအနိုင်ရကာ ၄ ပွဲရှုံးနိမ့်ခဲ့ပါတယ်။ ၃ ဂိုးသွင်းယူပြီး ၆ ကြိမ်ဖန်တီးနိုင်ခဲ့တဲ့မှတ်တမ်းရှိပြီး အဝါကတ် ၄ ကြိမ်ပြသခံခဲ့ရဖူးပါတယ်။ ဒါပေမယ့်လည်း ချန်ပီယံလိဂ်မှာတွေ့ဆုံမှုတွေမှာတော့ သူ တဂိုးမှမသွင်းယူနိုင်ခဲ့ဘဲ ဒီမှတ်တမ်းဆိုးကို ဒီနေ့မှာ အဆုံးသတ်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က