အသင်းဟောင်းကို တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။

ဒီနေ့ညနေမှာ ကစားမယ့် အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်ပွဲစဉ်မှာ သူ့ကို အော်ဟစ်နိုင်စရာတခုခုရှိလာအောင် လုပ်ပေးဖို့အတွက် ယူနိုက်တက်ခံစစ်မှူးဟောင်းရီယိုဖာဒီနန်က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ကြားရက်က ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ကို ပြီးဆုံးတဲ့အထိ မကြည့်ပဲ တီဗွီထပိတ်ခဲ့ရတဲ့ ဖာဒီနန်က ဒီနေ့ပွဲအတွက် တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ 

လီဗာပူးလ်ကို ၄-၀ နဲ့ ယူနိုက်တက်တို့ အရ​ေးနိမ့်ခဲ့ရာမှာ ဖာဒီနန်က တွစ်တာကနေ "တီဗီပိတ်လိုက်ပြီ၊ တွစ်တာနိုတီကိုလည်း ပိတ်လိုက်ပြီ၊နောက်မှပြန်တွေ့ကြမယ်" လို့ ရေးသားခဲ့တာပါ။ အခုတခါမှာတော့ သူက "ယူနိုက်တက်ရေ၊ ကျေးဇူးပြုပြီး ဒီနေ့ပွဲမှာ အော်ပြောလို့ရစရာတခုလောက်တော့ပေးပါ" လို့ ရေးသားပြောဆိုခဲ့တာဖြစ်ပါတယ်။ 



မန်ချက်စတာယူနိုက်တက်အသင်းကတော့ တော်တော်လေးအခြေအနေဆိုးရွားနေတဲ့အသင်းဖြစ်ပြီး ကွင်းတွင်းခြေစွမ်း၊ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းတွေမှာ ပြသနာတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။ နည်းပြရန်းဂ်နစ်ခ်ကိုယ်တိုင်လည်း အသင်းကို အကောင်းဆုံးပဲ့ကိုင်ပေးနိုင်ခြင်းမရှိဘဲ အစစအရာရာမှာ အားနည်းချက်တွေရှိနေကာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကိုတောင်မှ အသည်းအသန်ရုန်းကန်နေရတာဖြစ်ပါတယ်။ 

ဒီပွဲကတော့ နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ပွဲစဉ်ဖြစ်နေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်တနေရာစာအတွက် စပါး၊ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ အပြိုင်အဆိုင်ဖြစ်နေပြီး ဒီပွဲကိုအရေးနိမ့်တဲ့အသင်းကတော့ မျှော်လင့်ချက်နည်းပါးသွားမှာဖြစ်ပါတယ်။ အာဆင်နယ်ကတော့ ပြီးခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးကို အဝေးကွင်းမှာ ၂-၄ နဲ့ အနိုင်ရရှိခဲ့ပြီး ယူနိုက်တက်ကတော့ လီဗာပူးလ်ကို ၀-၄ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ 

Share

က္က