ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲကစားရမှာပါ။

ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာ ဘန်ဇီမာ ဂိုးမသွင်းနိုင်ရစေဘူးလို့ ချယ်လ်ဆီးနောက်ခံလူ ကူလီဘလီက ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးနောက်ခံလူက ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကို ချိးကျူးမှုတွေပြုလုပ်ခဲ့ပြိး ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်လို့လည်း အမွှမ်းတင်ခဲ့ပေမယ့် သူတို့အသင်းကို ဂိုးသွင်းနိုင်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ 

ဘာနေဗျူးမှာ ကစားရမယ့် ဒီပွဲနဲ့ပတ်သက်ပြီး ကူလီဘလီက ပြောဆိုခဲ့ရာမှာ ဘန်ဇီမာရဲ့ စွမ်းဆောင်ရည်ကို အထူးတလည်ချီးမွမ်းသွားခဲ့ပါတယ်။ ဒီပွဲမှာ ချယ်လ်ဆီးတို့ သေချာပေါက်ရှုံးနိမ့်လိမ့်မယ်လို့ ထင်ကြေးပေးခံနေရပြိး ရီးရဲလ်က အိမ်ကွင်းမှာ အသာစီးရယူကာ နောက်တဆင့်ကို တက်ရောက်နိုင်မယ်လို့လည်း ရေပန်းစားနေပါတယ်။ 

ကူလီဘလီက "လွန်ခဲ့တဲ့ ၂နှစ်၊ ၃နှစ်လောက်ကတည်းက ကျနော် ဒီသတင်းစာကိုပဲ ပြောဖူးတာပါ၊ ဘန်ဇီမာက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးပါ၊ ဒီပွဲက ခက်ခဲမှာပါ၊ ဒါပေမယ့် ချယ်လ်ဆီးက အနိုင်ရဖို့ ကျနော်မျှော်လင့်ထားပြီး အရင်ကလည်း သူတို့ကို အနိုင်ယူဖူးပါတယ်၊ အဲဒါက ကျနော်တို့ရဲ့ ရည်မှန်းချက်ပါ၊ ခက်ခဲမှာတော့ အသေချာပဲ၊ သူတို့က ပြီးခဲ့တဲ့ရာသီက ချန်ပီယံဖြစ်ခဲ့တာလေ"

"ကိုယ့်ကိုကိုယ် ကျနော်တို့ ယုံကြည်ပါတယ်၊ အသင်းဖော်တွေ၊ နည်းပြကိုလည်း ကျနော်ယုံတယ်၊ ဘန်ဇီမာအတွက်တော့ ကျနော်ပျော်ရွှင်မိယတ်၊ သူက မူစလင်တွေအတွက်တော့ ဥပမာကောင်းပါပဲ၊ ရာမာဒန်ဥပုသ်ဆောက်နေပေမယ့် သူက ဂိုးတွေသွင်းနေပါတယ်၊ သူ ဂိုးတွေထပ်သွင်းနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်၊ ဒါပေမယ့် ဗုဒ္ဓဟူးနေ့မှာတော့ မဟုတ်ပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က