၁၉၆၀ တုန်းက ဘလွန်းဒီအောဆု ဆွတ်ခူးခဲ့သူပါ။

ဘာစီလိုနာနဲ့ အင်တာမီလန်ဂန္ထဝင်ကစားသမားကီးဟာ ၁၉၆၀ ခုနှစ်မှာ ဘလွန်းဒီအောဆုရရှိထားခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ဖလား ၂လုံးလည်း သိမ်းပိုက်နိုင်ခဲ့တဲ့အထိ အောင်မြင်ကျော်ကြားခဲ့သူဖြစ်ပါတယ်။ 


ဘလွန်းဒီအောဆုရှင်ဟောင်းတစ်ဦးဖြစ်သူ လူးဝစ္စဆွာရက်ဇ်က ဒီနှစ်အတွက် ဘလွန်းဒီအောဆုကို လီဝန်ဒေါစကီးကလွဲပြီး ဘယ်သူမှမရရှိသင့်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာနဲ့ အင်တာမီလန်ဂန္ထဝင်ကစားသမားကီးဟာ ၁၉၆၀ ခုနှစ်မှာ ဘလွန်းဒီအောဆုရရှိထားခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ဖလား ၂လုံးလည်း သိမ်းပိုက်နိုင်ခဲ့တဲ့အထိ အောင်မြင်ကျော်ကြားခဲ့သူဖြစ်ပါတယ်။ 



ဘိုင်ယန်နဲ့ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးကတော့ အကောင်းဆုံးခြေစွမ်းတွေကို ပြသနေသူဖြစ်ကာ ၂၀၂၀ ခုနှစ်မှာလည်း ဆုရရှိဖို့ အသေချာဆုံးဖြစ်ခဲ့ပေမယ့် ကပ်ရောဂါအခြေအနေကြောင့် ဆုရွေးချယ်မှုမပြုလုပ်ဘူးဆိုတာကြောင့် လွဲချော်ခဲ့ရပါတယ်။ ဘိုင်ယန်နဲ့အတူ ဖလားသုံးလုံးတပြိုင်နက်ဆွတ်ခူးခဲ့ပြီး သွင်းဂိုးပေါင်း ၅၅ ဂိုးအထိ လီဝန်ဒေါစကီးက ရရှိခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၁ အတွင်းမှာလည်း သူက ဆက်တိုက်ခြေစွမ်းပြနေပြီး ဒီဆုကို ရရှိသင့်နေပြီလို့ ပရိသတ်အများအပြားနဲ့ ဘောလုံးလောကအတွင်းက လူပုဂ္ဂိုလ်အများအပြားက မှတ်ချက်ပြုနေကြပြီဖြစ်ပါတယ်။ ဒီလူတွေနဲ့အတူ လူးဝစ္စဆွာရက်ဇ်လည်း ပါဝင်လာခဲ့တာဖြစ်ပြီး ဒီတစ်ကြိ်မ်မှာမှ လီဝန်ဒေါစကီးမရခဲ့ရင် သူရရှိထားတဲ့ ဘလွန်းဒီအောဆုကို လွှဲပြောင်းပေးမယ်လို့ ပြောဆိုတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ 

Carrusel Deportivo နဲ့ တွေ့ဆုံမှုမှာ ဆွာရက်ဇ်က "လီဝန်ဒေါစကီးကို ဘလွန်းဒီအောဆု ပေးရတော့မှာပါ၊ ဒါက အသေအချာပဲ။ တကယ်လို့မှ သူ မရခဲ့ဘူးဆိုရင်တော့ ကျွန်တော်ရရှိထားတဲ့ဆုကို ပေးလိုက်တော့မယ်" လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ဒီနှစ်အစောပိုင်းကပဲ ဂတ်မူလာရဲ့ ဘွန်ဒက်လီဂါဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ပြိုင်ပွဲစုံအရပ်ရပ်မှာ ခြေစွမ်းပြနေကာ လက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

Share

က္က