၂၀၂၂ခုနှစ်ထဲမှာ အတွဲတော်တော်များများအစွံထုတ်ကြတဲ့နှစ်လို့ ပြောလို့ရနိုင်သလိုပဲ သရုပ်ဆောင်ကောင်းပြည့်နဲ့သန္တာဗိုလ်တို့အတွဲလေးကလည်း မကြာခင် ရွှေလက်တွဲကြတော့မှာပါ။
"မင်္ဂလာဆောင်ဖို့ စီစဥ်လိုက်တိုင်းအကြောင်းကြောင်းကြောင့် ပျက်နေတာမျိုးဖြစ်နေတာပေါ့နော်။ ဒီနှစ်ထဲတော့ မဖြစ်ဖြစ်အောင်ဆောင်ဖို့လည်း ရည်ရွယ်ထားပါတယ်။ မင်္ဂလာပွဲကတော့ ရိုးရိုးပဲဆောင်မှာပါ။ Dinner လောက်ပဲ လုပ်မယ်" လို့ သရုပ်ဆောင်သန္တာဗိုလ်က မင်္ဂလာအစီအစဥ်နဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
Photo- Thandar Bo FB
ရှေ့ဆက်မယ့် အနာဂတ်မိသားစုပုံစံလေးကိုလည်း နှစ်ဦးသားတိုင်ပင်ထားတယ်လို့ ဆိုပါတယ်။
"နှစ်ယောက်သား တွေ့ရင်တော့ တိုင်ပင်ဖြစ်ကြပါတယ်။ အေးအေးချမ်းချမ်းလေး နေနိုင်ဖို့ပေါ့။ ဘယ်သူမဆိုတော့အကောင်းဆုံးဆိုတဲ့အရာတွေပဲ ဖြစ်ချင်ကြတာပေါ့နော်။ ဘိုရစ်လည်း အဲဒီအတိုင်းပါပဲ"လို့ပြောပြခဲ့ပါတယ်။
Photo-Thandar Bo FB
မတ်လ ၁ရက် ၂၀၁၂ ခုနှစ်ကစလို့ ချစ်သူတွေ ဖြစ်လာကြတဲ့သန္တာဗိုလ်တို့စုံတွဲလေးကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ အခုဆိုရင် ချစ်သက်တမ်း ၁၀နှစ်တာ ခရီးလမ်းကိုရောက်ရှိခဲ့ ကြပြီပဲ ဖြစ်ပါတယ်။
Photo- Thandar Bo FB
သရုပ်ဆောင်သန္တာဗိုလ်က သရုပ်ဆောင်ချောရတနာရဲ့ညီမဖြစ်ပြီး မော်ဒယ်လ်၊ အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၁၃ခု နှစ်မှာတော့ တစ်ကိုယ်တော် အယ်လ်ဘမ် ဖြစ်တဲ့ " နားလည်ပေးပါကို" သီချင်းခွေလေးကိုထွက်ရှိခဲ့ပြီးတဲ့နောက် လက်ရှိမှာတော့ Modelling ပိုင်းကိုပဲအားစိုက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။