ရယူနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဆိုပါတယ်။

ရာသီကြိုခြေစမ်းပွဲတွေအတွက် ဂျပန်ကို အယ်လ်နာဆာနဲ့အတူ ရောက်ရှိနေခဲ့တဲ့ ရော်နယ်ဒိုက သတင်းစာရှင်းလင်းပွဲမှာ အသင်းနဲ့အတူ ဆုဖလားအားလုံးရယူချင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ အယ်လ်နာဆာဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ရာသီကို ရင်ဆိုင်ခဲ့ရပြီး ဒီရာသီမှာတော့ အမှတ်ပေးဖလားနဲ့ အခြားဆုဖလားတွေကို ပစ်မှတ်ထားနေတာပါ။ 

ဒါပေမယ့်လည်း ဥရောပခြေစမ်းပွဲခရီးမှာ အယ်လ်နာဆာက ဆယ်လ်တာဗီဂိုနဲ့ ဘင်ဖီကာတို့ကို ဂိုးပြတ်အရေးနိမ့်ထားခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ သူ့အသင်းဟာ အသင်းကောင်းတသင်းအဖြစ် ရှိနေပြီလို့ ယုံကြည်နေကာ ဆုဖလားတွေရယူချင်တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ 

"လာမယ့်ရာသီမှာ ဆုဖလားတွေအားလုံးရယူချင်ပါတယ်၊ အဲဒါက အရမ်းခက်ခဲမှာတော့ သိပါတယ်၊ အသင်းတိုင်းကလည်း အကောင်းဆုံးပြင်ဆင်ထားကြတာပါ၊ ဒါပေမယ့် ကျနော်တို့က အသင်းကောင်းတသင်းဖြစ်နေပြီလို့ ထင်ပါတယ်၊ နည်းပြသစ်တဦး၊ ကစားသမားသစ်တွေလည်း ရှိနေပါတယ်"

"ရည်မှန်းချက်ကတော့ အရင်နှစ်ကအတိုင်းပါပဲ၊ အံ့အားသင့်စရာကောင်းတဲ့ ရာသီတခုဖြစ်လာဖို့ ကျနော်တို့ ရည်မှန်းထားတယ်၊ ပြီးတောာ့ ဒီရာသီမှာ ဆုဖလားတွေ ကျနော်လိုချင်တယ်" လို့ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။ အယ်လ်နာဆာဟာ ဘရာဇီးလ်ကလပ် ဘိုတာဖိုဂိုနည်းပြ လူး၀စ္စကက်စထရိုကို နည်းပြသစ်အဖြစ် ခန့်အပ်ထားတာပါ။ 

ဘရိုဇိုဗစ်၊ ဖိုဖန်နာတို့ကိုလည်း ခေါ်ယူထားပြီး နောက်ထပ်ခေါ်ယူမှုအဖြစ် အဲလက်စ်တဲလက်စ်ပါ ရောက်ရှိလာကာ ဆာဒီယိုမာနေးကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ ဒီကစားသမားတွေရဲ့ အားနဲ့ဆိုရင် အယ်လ်နာဆာက ဆော်ဒီမှာ ဆုဖလားတွေအတွက် တိုက်ပွဲဝင်နိုင်ဖွယ်လည်း ရှိပါတယ်။ 


Share

Loading Next Article...
က္က