ဒီအချက်‌ တွေကို မလိုက်နာနိုင်ရင်တော့ ဒီနှစ်သင်္ကြန်မှာ မလည်တာ အကောင်းဆုံးပဲ!

သင်္ကြန်ထွက်လည်ဖို့ ပြင်နေပြီလား? ဒီနှစ်နွေက  ထင်သလို မရိုးရှင်းဘူးနော်။ Heat Stroke လို့ခေါ်တဲ့ အပူရှပ်တာ ကလည်း အချိန်မရွေး လဲကျသွားစေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် သင်္ကြန်အပြီးမှာ ဆေးခန်းမပြချင်ရင်၊ မျက်စိမနာချင်ရင်၊ ဝမ်းမပျက်ချင်ရင်... အခုပြောပြမယ့် အချက်လေး တွေကို အဆုံးထိ ကြည့်သွားလိုက်ဦးနော် ။ မကြည့်ရင် နောင်တရလိမ့်မယ်နော်



အပူလျှပ်တာမဖြစ်အောင် ဘာတွေ လုပ်ရမလဲ?

ပထမဆုံးအနေနဲ့ ရေများများသောက်ဖို့ပါ။ နေပူထဲမှာ ချွေးထွက်များပြီး ရေဓာတ်ခမ်းခြောက်တတ်လို့ ရေငတ်မှသောက်တာမျိုးမဟုတ်ဘဲ ၁၅ မိနစ် တစ်ခါလောက် ရေကို နည်းနည်းချင်းစီ မှန်မှန်သောက်ပေးပါရှင်။ရှောင်ရမှာကတော့... ရေငတ်ပြေဖို့ဆိုပြီး အရက်၊ ဘီယာနဲ့ အချိုရည်တွေကို အလွန်အကျွံ သောက်တာမျိုးပါ။ ဒါတွေက ခန္ဓာကိုယ်ကို ပိုပူစေပြီး အပူလျှပ် (Heat Stroke) ရတဲ့အထိ အန္တရာယ်ရှိစေတတ်လို့ပါပဲ။

နေလောင်တာ မဖြစ်အောင် ဘာတွေလုပ်ရမလဲ?

နေလောင်ပြီး အသားတွေ စပ်မကျန်ခဲ့ဖို့ Sunscreen (နေလောင်ကာခရင်မ်) ကို အပြင်မထွက်ခင် မိနစ် ၂၀ လောက်ကတည်းက ကြိုလိမ်းထားပါ။

မျက်စိထဲ ရေညစ်၀င်သွားရင်ဘာလုပ်ရမလဲ။

မျက်စိထဲ ရေညစ်တွေမဝင်အောင် မျက်မှန် (Sunglasses) တပ်ဖို့ အကြံပြုချင်ပါတယ်ရှင်။

မျက်စိထဲ ရေဝင်သွားရင်တော့ လက်နဲ့ အတင်းမပွတ်လိုက်ပါနဲ့ဦး။ အဲဒီလိုပွတ်ရင် မျက်စိပိုးဝင်ပြီး သင်္ကြန်အပြီးမှာ မျက်စိနာတာမျိုး ဖြစ်တတ်လို့ပါ။ ရေကြည်ရေသန့်လေးနဲ့ပဲ ညင်သာစွာ ဆေးကြောပေးပါနော်။

ရေ ကစားပြီး ပြန်လာရင် ကျန်းမာရေးအတွက် ဘာတွေချက်ချင်းလုပ်သင့်လဲ?

ရေပက်ခံပြီး ပြန်လာပြီဆိုရင်တော့ ချက်ချင်း ကိုယ်လက်သန့်စင်၊ ခေါင်းလျှော်ပြီး အဝတ်အစားလဲလိုက်ပါ။ ခန္ဓာကိုယ် အပူချိန် ပြန်ထိန်းနိုင်ဖို့ အနွေးထည်လေး ဝတ်ထားတာ ဒါမှမဟုတ် နွေးနွေးထွေးထွေး နေတာမျိုးက အအေးမိခြင်းကနေ ကာကွယ်ပေးပါတယ်ရှင်

အထူးသတိထားရမှာက... နေပူထဲက ပြန်လာချင်းချင်းကြီး ရေခဲရေ အဝသောက်တာမျိုးနဲ့ ရေခဲရေနဲ့ လောင်းချိုးတာမျိုးကို လုံးဝ (လုံးဝ) မလုပ်ပါနဲ့။ အပူရှိန်အရမ်းတက်နေချိန်မှာ အအေးဓာတ်နဲ့ ရုတ်တရက်တွေ့ရင် ခန္ဓာကိုယ်က Shock ရပြီး အသက်အန္တရာယ်အထိ ဖြစ်နိုင်လို့ပါရှင်

မသန့်ရှင်းတဲ့ အစားအသောက်တွေ

သင်္ကြန်စာတွေ စားတဲ့အခါ ပူပူနွေးနွေးရှိမရှိ ကြည့်ပါ။ အဓိကကတော့ အစားမစားခင် လက်ကို စင်ကြယ်အောင် ဆေးဖို့ပါပဲ။"

 "လမ်းဘေးမှာ ယင်နားနေတဲ့ အစားအသောက်တွေ၊ အပြင်မှာ အကြာကြီး ချထားတဲ့ မုန့်လုံးရေပေါ်တွေနဲ့ မသန့်ရှင်းတဲ့ ရေခဲတွေကိုတော့ ရှောင်ကြဉ်ရပါမယ်။ သင်္ကြန်တွင်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် အိမ်ထဲမှာပဲ အိပ်နေရမှာဆိုတော့ မပျော်ရတော့ဘူးပေါ့။"


ဒီအချက် ၅ ချက်ကိုသာ သေချာ လိုက်နာမယ်ဆိုရင်   ဒီနှစ်သင်္ကြန်မှာ အားလုံးပဲ ဘေးကင်းကင်းနဲ့ ပျော်ရွှင်နိုင်မှာ သေချာပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ သင်္ကြန်လေး ဖြစ်ပါစေရှင်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က