ယူနိုက်တက်နဲ့သရေကျတဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ယူနိုက်တက်အနေနဲ့ မနေ့က သူတို့ကို ရင်ဆိုင်တဲ့ပုံစံမျိုးနဲ့ အာဆင်နယ်ကို ရင်ဆိုင်ခဲ့မယ်ဆိုရင် သေချာပေါက် ရှုံးနိမ့်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လီဗာပူးဟာ အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်နဲ့ နှစ်ဂိုးစီ သရေရလဒ်သာ ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားဦးဆောင်မှုကို အာဆင်နယ်ထံ လွှဲပေးလိုက်ရပါတယ်။



လက်ရှိမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အာဆင်နယ်နဲ့ လီဗာပူးတို့က အမှတ်တူ၊ ဂိုးကွာခြားချက်နဲ့ အဆင့် (၁)၊ (၂) နေရာမှာ ရပ်တည်နေပါတယ်။ သူတို့နောက်မှာတော့ မန်စီးတီးက တစ်မှတ်အကွာ အဆင့် (၃) နေရာကနေ လိုက်လံဖိအားပေးလျက်ရှိပါတယ်။

ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၃၇) အဖြစ် အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ကစားရဦးမှာပါ။ အဲ့ဒီပွဲနဲ့ ပတ်သက်လို့ ကလော့ပ်ကို မေးမြန်းခဲ့ရာမှာ ကလော့ပ်က “အဲ့ဒီအချိန်အထိ ကျွန်တာ်တို့ ချန်ပီယံလုပွဲမှာရှိကောင်းရှိနေနိုင်သေးပြီး ကြီးကျယ်ခမ်းနားတဲ့ အခိုက်အတန့်ဖြစ်လာမှာပါ”

“ဒါပေမယ့် အာဆင်နယ်က အသင်းကောင်းတစ်သင်းပါ။ တကယ်လို့ ယူနိုက်တက်သာ ဒီနေ့လိုပုံစံမျိုးနဲ့ အာဆင်နယ်ကို သွားရင်ဆိုင်မယ်ဆိုရင် အာဆင်နယ်ကပဲ သေချာပေါက်နိုင်သွားပါလိမ့်မယ်။ ကျွန်တော့်အတွက် ဒါက (၁၀၀) ရာခိုင်နှုန်း သေချာပါတယ်။ ကျွန်တော် ဒီလိုပြောရတဲ့အတွက် တကယ်ကို အားနာပါတယ်”

“ဒါပေမယ့် ကျွန်တော်တို့ ယူနိုက်တက်နဲ့ နှစ်ကျော့စလုံးကို အနိုင်ရခဲ့သင့်တာပါ။ ဒါပေမယ့် အနိုင်မရခဲ့ဘဲ ဒါကလည်း ကျွန်တော်တို့ ကိုယ့်အမှားနဲ့ကိုယ်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။​ လီဗာပူးဟာ ဒီရာသီ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် နှစ်ကျော့စလုံး သရေကျခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ယူနိုက်တက်ကို ရှုံးနိမ့်ကာ ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပါတယ်။

Share

Loading Next Article...
က္က