ကစားသမားအင်အားချင်းကွာဟမှုကြောင့်သာ ပီအက်စ်ဂျီတို့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ခြေစွမ်းပိုင်းကတော့ အားရစရာမရှိခဲ့ပါဘူး။
ပိုချက်တီနိုရဲ့ ပီအက်စ်ဂျီကတော့ နောက်ဆုံးကစားခဲ့တဲ့လီဂူးပွဲမှာ ရန်းနက်စ်ကို အရေးနိမ့်ခဲ့ပြီးနောက် အန်ဂါစ်နဲ့ပွဲမှာလည်း ကံကောင်းလို့သာ နိုင်ပွဲရရှိသွားခဲ့ပါတယ်။ မက်ဆီ၊ နေမာနဲ့ အဓိကကစားသမားတချို့ မပါဝင်နိုင်ခဲ့ချိန်မှာ ဘတ်ပီက တိုက်စစ်ပိုင်းကို ဦးဆောင်ခဲ့ပြီး ရာဖင်ဟာ နဲ့ အီကာဒီတို့ ဝန်းရံပေးခဲ့ပေမယ့်လည်း ပီအက်စ်ဂျီတို့ နောက်ကနေသာ လိုက်ကစားခဲ့ရပါတယ်။
ဒန်နီလိုပါရဲရားက ချေပဂိုးသွင်းယူပေးခဲ့ပြီးနောက် အနိုင်ဂိုးရဖို့ ပီအက်စ်ဂျီတို့ အသည်းအသန်ကြိုးစားခဲ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှုတဖက်သတ်နီးပါးကို ဖြစ်နေခဲ့ပေမယ့် ၁၃ ကြိမ်အထိ ကန်သွင်းခွင့်ရတဲ့ ပီအက်စ်ဂျီတို့ ဂိုးပေါက်ပျောက်နေခဲ့ရပြီး ပွဲပြိးခါနီးမှာ ပင်နယ်တီရလို့ သက်ပြင်းချနိုင်ခဲ့တာပါ။ ပိုချက်တီနိုအတွက်တော့
လက်ရှိမှာ ပီအက်စ််ဂျီက ၁၀ ပွဲကစားအပြီး ၂၇ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေဆဲဖြစ်ပါတယ်။ ဒုတိယနေရာက လန်းစ်ထက် တစ်ပွဲပိုကစားပြီး ၉ မှတ်အထိ ဖြတ်တောက်ထားနိုင်တာဖြစ်ပါတယ်။ ပြည်တွင်းလိဂ်ဖလားကို ဆွတ်ခူးနိုင်မှာကတော့ သေချာသလောက်နီးပါးရှိနေပေမယ့် ဒီလိုခြေစွမ်းမျိုးနဲ့ဆိုရင်တော့ သူတို့ရဲ့
ချန်ပီယံလိဂ်အိပ်မက်တွေက အကောင်အထည်ပေါ်ပါ့မလားဆိုတာ သံသယဝင်စရာကောင်းနေပြီဖြစ်ပါတယ်။