အီလွန်မတ်စ်ရဲ့ tweets အစစ်ထဲမှာ အကောင့်တုတွေက ဝင်ပြီး ရေးလာပါတယ်။

cryptocurrency လိမ်ညာမှုတွေကို တိုက်ထုတ်ဖို့ရည်ရွယ်ပြီး ပြောင်းလဲလိုက်တဲ့ Twitter ရဲ့ စည်းမျဉ်းသစ်က ခပ်ဆန်းဆန်းပါ။

methode%2Ftimes%2Fprod%2Fweb%2Fbin%2Fb43da402-0c30-11e8-9ed2-93cf9d74a2fe.jpg

photo: The Times

 

တကယ်လို့Twitter မှာ ဖုန်းနံပါတ်နဲ့အကောင့် မဖွင့်ဘူး ၊ display name (Twitter အကောင့်ဖွင့်စဉ်က လင့်ခ်မှာ ပြမယ့် နာမည်) ကိုလည်း SpaceX နဲ့Tesla CEO ဖြစ်သူ Elon Musk အီလွန်မတ်စ်နာမည် ပြောင်းထားမယ်ဆိုရင်တော့ lock ကျသွားတော့မှာ ဖြစ်ပါတယ်။ ဒါဟာ Twitter ပလက်ဖောင်းပေါ်က cryptocurrency ခိုးယူ လှည့်ဖျားမှုတွေကို ရှောင်ရှားဖို့အစီအမံတစ်ရပ်လည်း ဖြစ်ပါတယ်။

အီလွန်မတ်စ်ကို display name မှာ သုံးတဲ့ အကောင့်တွေကို လော့ခ်ချတဲ့ ကိစ္စကတော့ အီလွန်မတ်စ်ဟာ ကမ္ဘာကျော် ဘီလျံနာဖြစ်လို့Ether coins ၊ Bitcoin စတဲ့ cryptocurrency တွေနဲ့လိမ်လည်ကြသူတွေအတွက် အီလွန်မတ်စ်ဟာ လုပ်စားလို့ကောင်းတဲ့ ခွင်တစ်ခု ဖြစ်နေတာပါ။ ဒီနည်းနဲ့bots တွေလုပ်ပြီး Tesla CEO နဲ့ဆက်နွှယ်တဲ့ Tesla display name တွေ ဖန်တီးမှာကို စိုးတာကြောင့် Twitter ဟာ ဒီလိုအကောင့်တွေကို ဖြုတ်ချတာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ဝန်ဆောင်မှုပေါ်က မရိုးသားတဲ့ လုပ်ဆောင်ချက်တွေကို တိုက်ဖျက်ဖို့စဉ်ဆက်မပြတ်ကြိုးစားမှုအနေနဲ့ကျွန်တော်တို့ဟာ spam အကောင့်တွေနဲ့ဆက်နွှယ်တဲ့ အကောင့်တွေရဲ့ စိန်ခေါ်ချက်တွေကို ဖြေရှင်းဖို့နည်းလမ်းသစ်တွေ စမ်းသပ်နေပါတယ်။ ဒါကြောင့်ပဲ spam လုပ်တဲ့ ပုံစံအပြောင်းအလဲတွေကို ကြည့်ပြီး ဒီလှုပ်ရှားမှုတွေကို သိအောင် လုပ်ပါတယ်" လို့Twitter ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

နောက်ပိုင်းမှာ cryptocurrency လိမ်ညာသူများဟာ အီလွန်မတ်စ်ရဲ့ တကယ့် tweets တွေထဲ ပုံမှားရိုက်တဲ့ tweets တွေ ညှပ်ထည့်ပြီး နည်းပညာသစ်မှာ ရင်းနှီးမြှပ်နှံဖို့တစ်ခြား Twitter လူမှုကွန်ရက်သုံးသူများကို ဖျားယောင်းလာပါတယ်။ ဒီနည်းနဲ့သူတို့ရဲ့ အကောင့်တုများဆီ ခေါ်ပြီး user တစ်ယောက်ဆီကနေ ငွေယူပြီး cryptocurrency token သစ် ပေးမယ်လို့မက်လုံးပေးထားတာပါ။

bot အကောင့်များ နဲ့cryptocurrency ကြော်ငြာများကို ပိတ်ပင်ဖို့ကြိုးစားနေတဲ့ Twitter ဟာ ပြီးခဲ့တဲ့ ၂ လအတွင်း အကောင့်ပေါင်း သန်း ၇၀ ကျော် ပိတ်သိမ်းနိုင်ခဲ့ပြီး လက်ရှိမှာလည်း အကောင့်တုများ တိုက်ဖျက်ရေးကို အရှိန်မြှင့်တင်နေတယ်လို့ဆိုပါတယ်။ Twitter ရဲ့ မိခင်ကုမ္ပဏီ Facebook ကတော့ ၂၀၁၈ နှစ်ဆန်းပိုင်းကစပြီး Bitcoin ၊ ICOs ၊ tokens များနဲ့cyptocurrency wallets အရောင်းကြော်ငြာများ ဖယ်ရှားသွားမယ်လို့ကြေငြာထားပါတယ်။

photo: The Verge

 

Twitter ကနေ ဖြုတ်ချခံရတဲ့ အကောင့်တွေအနေနဲ့အကောင့်ပြန်ယူဖို့အတွက် Twitter ကနေ ထုတ်ပေးထားတဲ့ CAPTCHA test လုပ်ပြီး စာလုံးအကြီးအသေးပြန်ရိုက်ရမှာ ဖြစ်သလို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တစ်ခုလည်း ထည့်ပေးရမှာပါ။

Share

Loading Next Article...
က္က