reviewer ၃ ဦး လက်ထဲမှာ ကြုံခဲ့တာပါ

Samsung ရဲ့ ပထမဆုံး ဈေးကွက်ဝင် ခေါက်သိမ်းနိုင် စမတ်ဖုန်း Galaxy Fold ဟာ reviewer တွေ လက်ထဲ ရောက်ပြီး ရက်ပိုင်းအတွင်း diaplay နဲ့ဆက်စပ်ပြီး ပြဿနာတွေ တက်နေတယ်လို့ဆိုပါတယ်။


         Samsung ဟာ ဧပြီတတိယပတ်ထဲမှာ Galaxy Fold ကို hands-on လုပ်ဖို့အတွက် reviers တွေကို ပေးထားခဲ့တာ ဖြစ်ပြီး reviewer ၃ ဦးဟာ Galaxy Fold ရဲ့ display ပြဿနာကို ကြုံခဲ့တာပါ။ Bloomberg ရဲ့ reviewer ဖြစ်တဲ့ Mark Gurman ကတော့ သူ့ရဲ့ Twitter မှာ Galaxy Fold ကိုင်ပြီး ၂ ရက်အတွင်း screen ပျက်သွားပြီးလုံးဝ သုံးမရတော့တဲ့အကြောင်း တင်ခဲ့ပါတယ်။

         အလားတူပဲ The Verge ရဲ့ reviewer ဖြစ်သူ Dieter Bohn ကလည်း သူကိုင်နေတဲ့ Galaxy Fold ဟာ screen ဖောင်းကြွသွားတာကို ကြုံခဲ့တယ်လို့ိုပါတယ်။ Bohn ရဲ့အဆိုအရ Galaxy Fold ကိုင်ပြီး ၂ ရက်အတွင်း ဖြစ်ခဲ့တာလို့ဆိုပါတယ်။ CNBC သတင်းဌာနမှ Steve Kovach ကတော့ Galaxy Fold ကို တစ်ရက်ပဲ သုံးကြည့်ပြီးနောက် screen ဟာ တဖျပ်ဖျပ်ဖြစ်နေပြီး သုံးလို့မရတော့တဲ့ အဖြစ်နဲ့ကြုံခဲ့သလို ဒီဗွီဒီယိုကိုလည်း Twitter မှာ တင်ခဲ့ပါတယ်။

Photo: liliputing

         Mark Gurman ကတော့ သူဟာ ဖုန်းအပေါ်က screen protector ပြားကို ခွာပြီး သုံးကြည့်ခဲ့လို့အခုလို ဖြစ်ရသလားလို့Twitter မှာ ရေးသားခဲ့ပါတယ်။ တစ်ခုရှိတာက reviewers အကုန်လုံးတော့ ဒီ ပလတ်စတစ်ပြားကို ခွာပြီး သုံးခဲ့တာ မဟုတ်ပါဘူး။ ဒီအချက်ကြောင့် Galaxy Fold သုံးမရတာ ဒီ plastic ပြားကို ခွာသုံးကြည့်လို့မဖြစ်နိုင်ဘူးလို့လည်း ယူဆရပါတယ် ။

         Samsung Galaxy Fold ရဲ့ display ဟာ အကြိမ်ပေါင်း ၂ သိန်းကျော် အဖွင့်အပိတ် လုပ်နိုင်မယ်လို့ကြေညာထားပါတယ်။ တစ်နည်းအားဖြင့် တစ်နေ့ကို အကြိမ် ၁၀၀ ဖွင့်လိုက်ပိတ်လိုက်လုပ်မယ်ဆိုရင်တော့ အနည်းဆုံး ၅ နှစ်အထိ ဖွင့်နိုင်ပိတ်နိုင်မယ့် သဘောပါ။ ဈေးကွက်ထဲ ရောက်ပြီး မကြာခင်မှာ Galaxy Fold ပိုင်ရှင်တစ်ဦးဟာ ဖုန်း အဖွင့်အပိတ်လုပ်ရင်း display တွန့်သွားတဲ့ ဗွီဒီယိုတစ်ခု တင်ခဲ့ဖူးပါတယ်။

         LTE အပြင် 5G ဗားရှင်းနဲ့ပါ ထွက်ထားတဲ့ Galaxy Fold ဟာ Samsung ဖုန်းသစ်တွေထဲမှာ ဈေးအကြီးဆုံးဖုန်းဖြစ်ပြီး ဒေါ်လာ ၁၉၈၀ (မြန်မာငွေ သိန်း ၃၀ နီးပါး) ဈေးနဲ့လာမယ့် ဧပြီ ၂၆ ရက်နေ့မှာ အမေရိကန်ဈေးကွက်ထဲ စတင်ရောင်းချသွားမှာပါ။

Share

Loading Next Article...
က္က