ရိန်းဂျားစ်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။

ယူနိုက်တက်ဟာ မနေ့ညက ကစားခဲ့တဲ့ ရိန်းဂျားစ်နဲ့ ခြေစမ်းပွဲမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက်အတွက် ဒါက ဒုတိယမြောက် ရာသီကြို ခြေစမ်းပွဲဖြစ်ခဲ့ပြီး ပထမပွဲက အရှုံးကို ချေဖျက်နိုင်ခဲ့တာပါ။



ပထမဆုံးပွဲမှာ ရိုဆင်ဘော့ကို ရှုံးနိမ့်ထားတဲ့ ယူနိုက်တက်ဟာ ဒီပွဲမှာတော့ ဒီယာလို၊ ဟူဂေးလ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ အသစ်ခေါ်ယူထားတဲ့ နောက်ခံလူ ယိုရို ပွဲထွက် ကစားခဲ့သလို အိုနာနာ၊ မေဆင်မောင့်၊ ဝမ်ဘစ်ဆာကာ၊ အီဗန်စ်၊ ကက်စ်မဲရိုး၊ ဆန်ချိုတို့လည်း ပါဝင်ခဲ့ပါတယ်။

ပထမပိုင်းမှာ မေဆင်မောင့် ပေးလိုက်တဲ့ ဘောလုံးကို ဒီယာလိုက တောင်ပံကနေ ဆွဲပြေးပြီး ကန်သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အပြောင်းအလဲတွေ လုပ်ခဲ့ပြီး ယူနိုက်တက်အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို ဟူဂေးလ်က အိုယီဒီလီရဲ့ ဖန်တီးပေးမှုကနေ အဆုံးသတ် ကန်သွင်းပေးခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ဒီပွဲက အနိုင်ရလဒ်ထက် ကျေနပ်စရာတွေ အများကြီးရှိခဲ့ပါတယ်။ ယိုရို ခြေစွမ်းပြခဲ့သလို ဒီယာလိုကလည်း ဂိုးပေါက်တွေ့ခဲ့ပြီး လူငယ်ကစားသမားတွေကလည်း ခြေစွမ်းပြနိုင်ခဲ့ပြီး အမေရိကန်မှာ ရာသီကြိုခြေစမ်းခရီးစဉ်ကို ရှေ့ဆက်ရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က