အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ရောက်ရှိခဲ့ပါပြီ။

အာဆင်နယ်ကို ကျော်ဖြတ်ဖို့အတွက် လိုအပ်နေတဲ့ မန်စီးတီးကတော့ အဝေးကွင်းမှာ ဖူလ်ဟမ်ကို အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ရယူလိုက်ပါတယ်။ ဒီဘရိုင်းမပါဝင်နိုင်ခဲ့ပေမယ့်လည်း ဟာလန်းက ပွဲအစ ၃ မိနစ်မှာပဲ ပင်နယ်တီကတဆင့် ဦးဆောင်ဂိုးသွင်းယူခဲ့ကာ စတင်နိုင်ခဲ့ပြီး နိုင်ပွဲရဖို့အတွက် အသင့်ဖြစ်နေခဲ့ပါတယ်။ 

ဒါပေမယ့် ဖူလ်ဟမ်အတွက် ဗင်နီရှပ်က ချေပဂိုးပြန်သွင်းခဲ့လို့ မန်စီးတီးနည်းနည်းပျာခဲ့ရပြီး အယ်လ်ဗာရက်ဇ်ရဲ့ ဂိုးကြောင့် ထပ်မံဦးဆောင်နိုင်ခဲ့ပါတယ်။ ဖူလ်ဟမ်တို့ တပွဲလုံးမှာ တကြိမ်တည်းသာ ဂိုးပေါက်တည်ခဲ့ပြီး မန်စီးတီးက ၉ ကြိမ်အထိ ရှိခဲ့ပေမယ့် အဆိုပါသွင်းဂိုး နှစ်ဂိုးတည်းနဲ့သာ အဆုံးသတ်နိုင်ခဲ့ပြီး အရေးပါတဲ့နိုင်ပွဲကို ရယူသွားခဲ့ပါတယ်။ 

အာဆင်နယ်တို့ ဒီတပတ်မကစားရခင်မှာ မန်စီးတီးက ၁ မှတ်အသာနဲ့ ဇယားထိပ်ကို ဦးဆောင်လိုက်ပြီး အာတီတာတို့ကို ပြန်လည်ပြီး ဖိအားပေးလိုက်ပြီဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့ လန်ဒန်ဒါဘီပွဲနွှဲရမယ့် အာဆင်နယ်တို့ မန်စီးတီးနိုင်ပွဲကြောင့် ရက်ပေါင်းအတော်ကြာဦးဆောင်ခဲ့တဲ့ ဇယားထိပ်ဆုံးနေရာကို လက်လွှတ်လိုက်ရပါတယ်။ 

၂ပွဲအထိ ပွဲကျန်ကစားဖို့ရှိနေသေးတဲ့ မန်စီးတီးတို့ ဆုဖလားအတွက် အခြေအနေက ကောင်းသက်ထက်ကောင်းလာခဲ့ပြီဖြစ်ကာ ဟာလန်းကလည်း ဂိုးသွင်းစံချိန်တင်ခဲ့ပြီး နောက်တဂိုးထပ်ပေါင်းနိုင်ခဲ့လို့ ကျေနပ်စရာနိုင်ပွဲဖြစ်ခဲ့ရပါတယ်။ ဟာလန်းရဲ့ လိဂ်ဂိုးက ၃၄ ဂိုးအထိ ရှိလာခဲ့ပြီး ဂိုးပေါင်း ၄၀ အထိ သွင်းယူနိုင်မလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။ 

Share

Loading Next Article...
က္က