အသင်းမှာ ဆက်ထားထားရမယ့်အနေအထားဖြစ်နေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းခံစစ်မှူးအဲရစ်ဘိုင်ယီနဲ့ တိုက်စစ်မှူးအန်သိုနီမာရှယ်တို့ကို လျှော့စျေးနဲ့ထုတ်ရောင်းဖို့အတွက် စီစဉ်ထားပေမယ့်လည်း ကမ်းလှမ်းမှုနည်းပါးနေလို့ အခက်တွေ့နေပါတယ်။ မာရှယ်အတွက် ယူနိုက်တက်က ပေါင်သန်း ၂၀ ရရုံနဲ့ ရောင်းထုတ်ဖို့ဆုံးဖြတ်ထားပြီး ၂၀၁၆ တုန်းက ဗီလာရီးလ်ကနေ ပေါင်သန်း ၃၀ နဲ့ ဝယ်ယူခဲ့တဲ့ ဘိုင်ယီကိုတော့ ပေါင် ၈.၅ သန်းရတာနဲ့ ရောင်းထုတ်သွားမှာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း အဆိုပါကစားသမားတွေကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေမရှိသေးဘူးလို့ သိရပါတယ်။ ဒီအတွက်ကြောင့် နည်းပြတန်ဟက်ဂျ်က တောင်ပံကစားသမားတဦးနဲ့ တိုက်စစ်မှူးတဦးကို အလိုရှိနေပေမယ့် မာရှယ်ကို အသင်းမှာဆက်လက်ထိန်းသိမ်းထားရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရကာ လက်ရှိစျေးကွက်အတွင်း ယူနိုက်တက်တို့ အဝယ်လည်းအဆင်မပြေ၊ အရောင်းလည်းမထွက်ဆိုသလိုဖြစ်နေပါတယ်။ 

မာရှယ်ကတော့ ပြီးခဲ့တဲ့ရာသီမှာ ဆီဗီလာကို အငှားထွက်ကစားခဲ့ရပြီး ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။ ဒီအတွက်ကြောင့် သူ့ကိုအပြီးသတ်ဝယ်ယူဖို့ကို စပိန်ကလပ်က ဆန္ဒမရှိခဲ့ဘဲ ယူနိုက်တက်ကိုသာ ပြန်လာခဲ့ရပါတယ်။ ဘိုင်ယီကလည်း မကြာခဏဆိုသလို ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေရပြီး သူ့အတွက် နယူးကာဆယ်ကို ကမ်းလှမ်းခဲ့ပေမယ့် တုံ့ပြန်မှုမရှိဘူးလို့ သိရပါတယ်။

အခြားသောနောက်ခံလူတဦးဖြစ်တဲ့ ဖီးဂျုံးစ်အတွက်လည်း ကမ်းလှမ်းမှုတွေမရှိဘူးလို့ သိရကာ လက်ကျန်စာချုပ်သက်တမ်း ၁ နှစ်ကို အိုးထရက်ဖို့ဒ်မှာပဲ ကုန်ဆုံးဖွယ်ရာရှိနေပါတယ်။ ဘရာဇီးလ်ကွင်းလယ်လူပါရဲရားကလည်း ဖလာမင်ဂိုကို အငှားနဲ့သွားကစားပြီးနောက် ယူနိုက်တက်ကို ပြန်လည်ရောက်ရှိနေပြီး တန်ဟက်ဂျ်က သူ့ရဲ့အစီအစဉ်တွေထဲမှာ ထည့်သွင်းထားခြင်းမရှိဘူးလို့ The Sun က ဖော်ပြခဲ့ပါတယ်။ 

Share

က္က