၃ ကြိမ်မြောက် တွေ့ဆုံမှုမှာလည်း အရေးနိမ့်ခဲ့ပြန်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးတဲ့ပွဲစဉ်မှာ တိုက်စစ်ကစားသမားတွေ ဒဏ်ရာရရှိနေမှုနဲ့အတူ စပါးအရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ၄ မှတ်အထိကွာဟခဲ့ပြန်ပြီဖြစ်ပါတယ်။


ဒီတစ်ပတ်ပရီးမီးယားလိဂ်ရဲ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာတော့ မော်ရင်ဟိုရဲ့ စပါးအသင်းက ချယ်လ်ဆီးကို ၂ဂိုး-၁ဂိုး အရေးနိမ့်သွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးတဲ့ပွဲစဉ်မှာ တိုက်စစ်ကစားသမားတွေ ဒဏ်ရာရရှိနေမှုနဲ့အတူ စပါးအရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ၄ မှတ်အထိကွာဟခဲ့ပြန်ပြီဖြစ်ပါတယ်။

ယူနိုက်တက်ကို အရေးနိမ့်ခဲ့တဲ့ လမ်းပတ်ရဲ့ချယ်လ်ဆီးကတော့ စပါးကိုအနိုင်ယူပြီး အဆင့် ၄နေရာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ မော်ရင်ဟိုကတော့ တပည့်ဟောင်းလမ်းပတ်နဲ့ ၃ကြိမ်မြောက်တွေ့ဆုံမှုမှာလည်း ထပ်မံအရေးနိမ့်ခဲ့ပြီး ၃ပွဲစလုံးရှုံးနိမ့်ခဲ့တဲ့ စံချိန်ဆိုးကို ပိုင်ဆိုင်ခဲ့ပြီး ချန်ပီယံလိဂ်ရှုံးပွဲကပါ ရုန်းမထွက်နိုင်ဖြစ်ခဲ့ရပါတယ်။

ချယ်လ်ဆီးကလည်း အေဘရာဟမ်အစား ဂီရော့ဒ်ကို ပွဲထုတ်ခဲ့ပြီး ယူနိုက်တက်နဲ့ပွဲက လူစာရင်းကို အနည်းငယ်အပြောင်းအလဲလုပ်ခဲ့ပါတယ်။ စပါးကတော့ မော်ရာနဲ့ ဘာဝိန်းတို့ကို တိုက်စစ်ပိုင်းထားကစားခဲ့ပြီး အဝေးကွင်းမှာ သရေရဖိုု့ ရည်မှန်းလာခဲ့ပေမယ့် သူတို့ရဲ့ တိုက်စစ်ပိုင်းအားနည်းမှုတွေကြောင့် အမှတ်ဗလာနဲ့သာ အိမ်ပြန်ခဲ့ရပါတယ်။

ချယ်လ်ဆီးအတွက် ဂိုးတွေကိုတော့ ပွဲကစားချိန် ၁၅ မိနစ်မှာ ဂီရော့ဒ်၊ ၄၈ မိနစ်မှာ မားကို့စ်အလွန်ဆိုတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ စပါးအတွက် ချေပဂိုးကို ပွဲပြီးခါနီးမှာ ရူဒီဂါက ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာဖြစ်ပြီး လက်ကျန်မိနစ်တွေမှာ ချယ်လ်ဆီးတို့ ပွဲကို ထိန်းကစားခဲ့ရပြီးတော့ အဖိုးတန်နိုင်ပွဲကို ရရှိအောင်ယူနိုင်ခဲ့ပါတယ်။ 

 ချယ်လ်ဆီးက အဆင့် ၄ နေရာမှာ ဆက််ရှိနေခဲ့ပေမယ့်လည်း စပါးကတော့ ရှက်ဖီး နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့သာအနိုင်ရရှိခဲ့မယ်ဆိုရင် အဆင့် ၇ နေရာအထိ ရောက်ရှိသွားတော့မှာဖြစ်ပါတယ်။ ရှက်ဖီးလ်က အိမ်ကွင်းမှာ ဘရိုက်တန်၊ ယူနိုက်တက်လည်း အိမ်ကွင်းမှာ ဝက်ဖို့ဒ်ကို ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ 

Share

က္က