ဆာလာက လီဗာပူးနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုထားသူပါ။

ဆာလာကတော့ အီတလီစီးရီးအေ ကလပ်တွေ ဖြစ်တဲ့ ဖီအိုရင်တီးနား၊ရိုးမားအသင်းတို့မှာ ကစားခဲ့ဖူးပြီး လက်ရှိမှာတော့ လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ၁၇ ဂိုးနဲ့ ဦး ဆောင်နေပါတယ်။

ဂျူဗင်တပ်အသင်းဟာ လီဗာပူး တိုက်စစ်မှူး ဆာလာအတွက် ယူရို သန်း ၅၀(ပေါင် ၄၄ သန်း ) သာမက အသင်းရဲ့ ကစားသမား ဒိုင်ဘာလာကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ထားတယ်လို့ Daily Mail ကဖော်ပြလာပါတယ်။

အီတလီသတင်းစာတွေက ဒီအကြောင်းအရာကို သူတို့ရဲ့ ရှေ့မျက်နှာဖုံးတွေမှာ ဖော်ပြလာတာဖြစ်တယ်လို့ လည်း ဒေးလီးမေးလ်က ဖော်ပြထားပါသေးတယ်။

ဆာလာအနေနဲ့ကပြီးခဲ့တဲ့ ဇူလိုင်လကမှ လီဗာပူးအသင်းနဲ့ ၅ နှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုထားတာ ဖြစ် ပေမယ့် စာချုပ်ဖျက်သိမ်းရင် ပေးဆောင်ရမယ့် သတ်မှတ်ချက်မပါဝင်ထားဘူးလို့ သိရပါတယ်။

၂၀၁၇ ခုနှစ်က ရိုးမားအသင်းကနေ လီဗာပူးကို ပြောင်းလာခဲ့သူ ဆာလာကတော့ ပထမဆုံးနှစ်မှာပဲ အသင်း အတွက် ၄၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူးအသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲထိရောက်အောင် စွမ်းဆောင်ပေးခဲ့သလို လက်ရှိမှာလည်း လိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ၁၇ ဂိုးနဲ့ ဦးဆောင်နေပါတယ်။

ဒိုင်ဘာလာကတော့အသင်းကို ရော်နယ်ဒို ရောက်ရှိလာမှုနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်မရ ဖြစ်နေသူ ဖြစ်ပြီး ၃၃ ပွဲမှာ ၈ ဂိုးသာ သွင်းထားနိုင်ပါတယ်။

Share

က္က