မာနေးရဲ့ ဘောလုံးလိုက်လံဆယ်ယူမှုကို အယ်လ်ဘရိုက်တန်က တားဆီးခဲ့ရတာကနေ ပင်နယ်တီပေးခဲ့ရတာဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်လူကြီးက VAR နဲ့ ပြန်လည်သုံးသပ်အပြီးမှာ ပင်နယ်တီပေးဖို့ ဆုံးဖြတ်ခဲ့ကာ ဂျိမ်းစ်မီလ်နာက အပိုင်ကန်သွင်းနိုင်ခဲ့ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ လီဗာပူးလ် နဲ့ လက်စတာစီးတီးတို့ရဲ့ ပွဲစဉ်မှာ လီဗာပူးလ်တိုက်စစ်ကစားသမား မာနေးက ဟန်ဆောင်လှဲချခဲ့တာဖြစ်တယ်လို့ ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ကီဗင်ကယ်လ်ဘိန်းက ပြောဆိုသွားခဲ့ပါတယ်။ ကယ်လ်ဘိန်းက သူ့အနေနဲ့ မာနေးဟာ လိုအပ်တာထက်ပိုမိုတဲ့ လှဲချမှုကို ပြုလုပ်ခဲ့တယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။
အဆိုပါပွဲမှာ မာနေးက အသင်းအတွက် ဦးဆောင်ဂိုးကို ပထမပိုင်းမှာ သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ မက်ဒီဆန်က လက်စတာအတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့ပြီးနောက် တစ်ဖက်တစ်ဂိုးစီဖြစ်ခဲ့ကာ ပွဲကအကြိတ်အနယ်ရှိခဲ့ပါတယ်။ လီဗာပူးလ်က အနိုင်ဂိုးရဖို့အတွက် အားထုတ်လာခဲ့ပြီးနောက် နာကျင်အချိန်ပိုမှာ အဖိုးတန်ပင်နယ်တီကို ရရှိခဲ့တာဖြစ်ပါတယ်။
မာနေးရဲ့ ဘောလုံးလိုက်လံဆယ်ယူမှုကို အယ်လ်ဘရိုက်တန်က တားဆီးခဲ့ရတာကနေ ပင်နယ်တီပေးခဲ့ရတာဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်လူကြီးက VAR နဲ့ ပြန်လည်သုံးသပ်အပြီးမှာ ပင်နယ်တီပေးဖို့ ဆုံးဖြတ်ခဲ့ကာ ဂျိမ်းစ်မီလ်နာက အပိုင်ကန်သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကယ်လ်ဘိန်းကတော့ မာနေးက ဒိုင်ဗစ်ထိုးခဲ့တယ်လိ့ုသာ ယူဆခဲ့ပါတယ်။
"ပင်နယ်တီလို့ ကျွန်တော်ကတော့ မမြင်မိပါဘူး၊ အယ်လ်ဘရိုက်တန် နဲ့ မာနေးတို့ ထိခိုက်မှုရှိခဲ့ပေမယ့် မာနေးက လိုအပ်တာထက်ပိုပြီး လှဲချခဲ့တာပါ၊ ထင်ရှားတဲ့ ပြစ်ဒဏ်မျိုးလည်းမဟုတ်ဘဲ မာနေးက ပင်နယ်တီရဖို့ ဒိုင်ဗင်ပစ်ခဲ့တာပါ၊ အဆုံးသတ်မှာ သူတို့ ပင်နယ်တီရရှိသွားခဲ့ပါတယ်၊ ကျွန်တော်ကတော့ ဒီလိုပဲ မြင်မိပါတယ်" လို့ ကယ်လ်ဘိန်းက ပြောဆိုသွားခဲ့ပါတယ်။
လီဗာပူးလ်ကတော့ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်မှာ ၈ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး ဒီနေ့မှာ မန်စီးတီးအသင်းမကစားရသေးခင် မန်စီးတီးကို ရမှတ် ၈မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ဖြစ်ပါတယ်။