ပထမပိုင်းကလိုမျိုး ဒုတိယပိုင်းမှာလည်း အမှားကျူးလွန်ခဲ့တယ်လို့ သဘောရောက်တဲ့စကားကို ပြောခဲ့တာပါ။

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ ယခုလအစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲအပြီးမှာ ဒိုင်လူကြီးနဲ့ပတ်သက်ပြီး ပြောကြားချက်ခဲ့တဲ့ မှတ်ချက်ကြောင့် ဒဏ်ကြေးငွေ ပေါင် ၄၅၀၀၀ တပ်ရိုက်ခံခဲ့ရတယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ယာဂင်ကလော့ပ်က ကွင်းလယ်ဒိုင် ကီဗင်ဖရန့်ဟာ ပထမပိုင်းတုန်းကပြုလုပ်ခဲ့တဲ့ အမှားမျိုးအတိုင်း ဒုတိယပိုင်းမှာလည်း ပြုလုပ်ခဲ့တယ်လို့ အဓိပ္ပာယ်သက်ရောက်တဲ့မှတ်ချက်စကားကို ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ၂၂ မိနစ်မှာ မာနေးရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး မကြာခဏပြန်လည်ပြသတဲ့ ရုပ်သံအနှေးပြကွက်မှာ ဂိုးဖန်တီးပေးခဲ့တဲ့ ဂျိမ်းစ်မီလ်နာ လူကျွံနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ယာဂင်ကလော့ပ်က ပထမပိုင်းအပြီးမှာ ၎င်းရဲ့အသင်းဟာ ဆုံးဖြတ်ချက်များစွာ မရရှိခဲ့ကြောင်း ထင်မြင်ချက်ကို Sky Sports ကို ပွဲအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ကောင်းမွန်တဲ့အခိုက်အတံ့ကို ရရှိခဲ့ပါတယ်။ ကြားခံလူတွေကို ကျော်ဖြတ်ပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အခု လူကျွံဘောလို့ ကျွန်တော် ပြောခံခဲ့ရတဲ့ဂိုးပေါ့”

“ဒီသွင်းဂိုးကို ဒုတိယပိုင်းမှာ နည်းနည်းလေးရှင်းပြပါတယ်။ ဘာလို့လဲဆိုတော့ ပထမပိုင်းအပြီးကတည်းက ကွင်းလယ်ဒိုင်က သိခဲ့မယ်လို့ ကျွန်တော် ထင်လို့ပါ”

“ပထမပိုင်းအပြီးမှာ သူ အဲဒါကို သိခဲ့မယ်ဆိုတာ လုံးဝသေချာပါတယ်။ ပြီးတော့ ခင်ဗျား ထူးဆန်းတဲ့အခြေအနေတွေကိုလည်းမြင်တွေ့ခဲ့မှာပါ။ အဲဒါတွေက အဆုံးအဖြတ်ပေးနိုင်တဲ့အရာတွေမဟုတ်ပေမယ့် ပွဲရဲ့စည်းချက်ကို ချိုးဖျက်တဲ့အရာတွေပါ။ အဲဒါက ကျွန်တော်တို့ကို အကူအညီမဖြစ်စေခဲ့ဘူးဆိုတာ ထင်ရှားပါတယ်”

“တကယ်လို့ ကျွန်တော်သာ ပထမပိုင်းမှာ အမှားလုပ်ခဲ့မယ်ဆိုရင် လူသားတစ်ယောက်အနေနဲ့ ကွာဟမှုကို ပိုပြီးတောင် မဖွင့်ဟချင်တော့ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က