ဆယ်နှစ်မြောက် ရောက်လာပြီ ဖြစ်တဲ့ Facebook ရဲ့ F8 Developer Conference ကို ဆန်ဖရန်စစ္စကို Bay Area မှာ ဧပြီ ၃၀ နဲ့မေလ ၁ ရက်တို့မှာ ကျင်းပသွားခဲ့ပါတယ်။
ဒီနှစ် F8 Developer Conference မှာတော့ မတ်ခ်ဇူကာဘတ်ခ်ဟာ The Future is private ဆိုတဲ့ စကားနဲ့စပြီး ဖွင့်လှစ်ခဲ့ပါတယ်။ privacy ပြဿနာတွေနဲ့ကြုံနေတဲ့ Facebook အတွက် F8 Developer ကွန်ဖရင့်ရဲ့ အဓိက အကြောင်းအရာဟာလည် Privacy အကြောင်းပဲ ဖြစ်ပါတယ်။ update အနေနဲ့Instagram ၊ Messenger တို့ရဲ့ ဒီဇိုင်းသစ် ပြောင်းခဲ့သလို Facebook သုံးသူအချင်းချင်း ပိုပြီး အပြန်အလှန်ဆက်သွယ်စေမယ့် Dating feature သစ်တို့လည်း ပါဝင်ပါတယ်။
(၁) Group & Events
Photo: TomsGuide
Facebook ဟာ Groups နဲ့Events တွေကို အလေးပေးသွားတော့မှာပါ။ လူတိုင်း Groups တွေ ရှာလို့လွယ်စေဖို့ News Feed မှာ Groups Tabs အသစ်တစ်ခုကိုပါ ဖန်တီးသွားမှာ ဖြစ်ပြီး ကိုယ် ဝင်ထားတဲ့ Group တွေကနေ ကိုယ်ပိုင် personalized feed တစ်ခုပါ ပါလာမယ်လို့The Verge မှာ ဖော်ပြထားပါတယ်။ Facebook ထဲက တစ်ခြားကဏ္ဍတွေထဲ ဝင်နေချိန်မှာလည်း Group member တစ်ယောက်အနေနဲ့ အဖွဲ့ထဲမှာ အပြန်အလှန် ဆက်သွယ်လို့ရမယ့် options တွေ တက်နေတာ တွေ့ရမှာပါ။
နောက်ထပ် Social feature တစ်ခုအနေနဲ့ကိုယ်နဲ့မသိတဲ့ သူတွေနဲ့လည်း ဆက်သွယ်လို့ရစေမယ့် Meet New Friends ဆိုတဲ့ feature တစ်ခု ပါလာမှာပါ။ ဒီ feature ကနေ ကိုယ့်အနားမှာ ကျင်းပသွားမယ့် Events တွေကို ရှာရာမှာ လွယ်ကူစေမှာ ဖြစ်ပါတယ်။ လောလောဆယ် iOS နဲ့Android တွေမှာ ဒီ update ပေးဖို့ပြင်နေပြီး Desktop ဗားရှင်းအတွက် update ကိုတော့ လာမယ့်လတွေမှာ ဖြန့်ချိသွားမှာပါ။
(၂) Instagram
Photo: Times Now
Instagram မှာတော့ Camera UI သစ်ပြောင်းထားပြီး ပုံတွေ ဗွီဒီယိုတွေကို ပြန် share ရ လွယ်စေမယ့် Create Mode သစ် ပါလာပါတယ်။ ဒီ feature ဟာ ကိုယ့်မှာ Instagram ပေါ် ပြန် share ဖို့ပုံတွေ ၊ video တွေ မရှိရင်လည်း ပြန် share လို့ရပြီး share နိုင်တဲ့ အရာတွေကတော့ ပဟေဠိတွေ ၊ စတစ်ကာနဲ့တစ်ခြား effects တွေ ပဲ ဖြစ်ပါတယ်။
နောက်တစ်ခုက Instagram app ထဲမှာကိုပဲ ထုတ်ကုန်ပစ္စည်း အရောင်းအဝယ် လုပ်နိုင်မယ့် features တွေ ပါလာပြီး Likes တွေ အကုန်နီးပါး လျှော့ချမယ့် စနစ်လည်း စမ်းသပ်နေတယ်လို့ဆိုပါတယ်။ ဒီစနစ်မှာတော့ Like ဘယ်လောက် ရသလဲ ဆိုတာထက် share လိုက်တဲ့ ပုံနဲ့ဗွီဒီယိုတွေပေါ်ပဲ ဦးစားပေးသွားမှာ ဖြစ်ပြီး ကနေဒါမှာ ဒီ feature ကို စမ်းသပ်နေပါတယ်။
(၃) Facebook Messenger
Photo: Studytreasure
Messenger မှာ ပို့တဲ့ စာတွေဟာ နှစ်ဘက်လုံး end-to-end encryption လုံခြုံရေးစနစ်နဲ့လာတော့မှာပါ။ နောက်တစ်ခုက Facebook ဟာ Messenger ကို မူလထက် ၇ ဆပိုပြီး ဆိုဒ်သေးအောင် လုပ်သွားမှာ ဖြစ်ပြီး ဗားရှင်းသစ်မှာ 30MB ထက် နည်းသွားမယ်လို့ဆိုပါတယ်။ ဒီ update ကို နှစ်ကုန်ပိုင်းလောက်မှာ သုံးနိုင်ဖို့ရှိပါတယ်။
Messenger ထဲမှာ Facebook က ဗွီဒီယိုတွေကို သူငယ်ချင်းတွေနဲ့အတူ ကြည့်နိုင်မယ့် feature သစ်လည်း စမ်းသပ်ထားပြီး ဒီ feature ကိုလည်း ဒီနှစ် အကုန်ပိုင်းလောက်မှာ သုံးနိုင်တော့မှာပါ။ Messenger ဟာ နောက်ပိုင်းမှာ WhatsApp နဲ့အပြည့်အဝ ပူးပေါင်းသွားဖို့လည်း ရှိပါတယ်။
(၄) Oculus Rift S & Oculus Quest
Photo: Firstpost
ဒီနှစ် F8 ပွဲမှာ Facebook ဟာ VR Headset မကြေညာခဲ့ပေမယ့် Oculus Quest နဲ့Oculus Rift S တို့ကို ရောင်းချမယ့်အကြောင်း ပြောသွားပါတယ်။ ဒီ VR headset သစ်တွေဟာ ပြင်ပက အခြေအနေတွေကို ခြေရာခံနိုင်မယ့် external tracking cameras ပါရှိမှာ ဖြစ်ပြီး ၃၉၉ ဒေါ်လာဈေးနဲ့လာမယ့် မေလ ၂၁ ရက်နေ့နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ရောင်းချသွားမှာပါ။
(၅) Facebook နဲ့အချစ်ရေး
Photo: Toms Guide
Facebook ဟာ ဖူးစာဖက်တဲ့ အလုပ်ကို ပြီးခဲ့တဲ့နှစ်ကတည်းက ကြေညာခဲ့ပါတယ်။ Facebook Dating ဝန်ဆောင်မှုကို အခုချိန်မှာ ၁၄ နိုင်ငံက users တွေ အသုံးပြုနေကြပါတယ်။ ဒီဝန်ဆောင်မှုမှာ နောက်ထပ် အသစ်ပါလာတာကတော့ Secret Crush လို့ခေါ်တဲ့ feature သစ် ပါလာပါတယ်။
Secret Crush အတွက် ကိုယ့် friend ထဲက ကိုယ်စိတ်ဝင်စားနေသူ ၉ ဦးအထိ ပါတဲ့ List တစ်ခု ဖန်တီးနိုင်ပြီး အဲဒီ List ထဲက လူတွေမှာ Facebook Dating profile ရှိမယ်ဆိုရင် သူတို့ကြိတ်ကြွေနေတဲ့သူအကြောင်း ပြောသွားမှာပါ။ တစ်ယောက်နဲ့တစ်ယောက် match ဖြစ်ရင်တော့ Facebook ရဲ့ အောင်သွယ်အလုပ် ခရီးရောက်တယ်လို့ဆိုနိုင်ပါတယ်။
Share