iPhone သစ် မိတ်ဆက်ဖို့နောက်ထပ် အနည်းဆုံး ၈ လလောက် စောင့်ရဦးမှာ ဖြစ်ပေမယ့် ဒီနှစ်ထဲမိတ်ဆက်မယ့် iPhone တွေက အရင်နှစ်တွေကထက် ပိုပြီး ရင်ခုန်စရာ ကောင်းနေပါတယ်။
Photo: Phone Arena
Apple ဟာ ၂၀၁၉ မှာ iPhone မော်ဒယ် ၃ မျိုးကို မိတ်ဆက်သွားမယ်လို့Wall Street Journal က သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ဒီနှစ်ထဲ ထွက်မယ့် အမြင့်ဆုံး မော်ဒယ်မှာ ကျောဘက်ကင်မရာ သုံးလုံး ပါဖို့ရှိတာက ထူးခြားနေသလို ကျန်တဲ့ ဖုန်းနှစ်မျိုးစလုံးကလည်း dual cameras တွေ သုံးမယ်လို့ ဆိုပါတယ်။
ဒီဖုန်းသစ်တွေဟာ iPhone XI နာမည်တွေနဲ့ထွက်လာဖို့ရှိပြီး OLED screen ကို ဖုန်းတိုင်းမှာ သုံးသွားဖို့လည်း ရှိပါတယ်။ ဖုန်းနာမည် အခေါ်အဝေါ်မှာ အပြောင်းအလဲ ရှိနိုင်ပြီး သုံးလုံးတွဲ ကင်မရာဒီဇိုင်းဟာ Huawei Mate 20 Pro ဒီဇိုင်းမျိုး ဖြစ်ဖို့ရှိပါတယ်။ မတူတာက ဖုန်းကျောဘက် ဘယ်အပေါ်ထောင့်မှာ စတုရန်းပုံ ကင်မရာဒီဇိုင်းကို သုံးသွားမယ်လို့သတင်းတွေ ထွက်ထားပါတယ်။
Triple cameras စနစ်ထဲမှာ အရည်အသွေးမြင့် AR လုပ်ဆောင်ချက်တွေ သုံးနိုင်တဲ့ ToF(Time of Flight) depth sensing စနစ်လည်း ပါဖို့ရှိပါတယ်။ ToF ကင်မရာနည်းပညာမျိုးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ထွက်ထားတဲ့ Vivo NEX dual Edition သစ်မှာ သုံးထားပါတယ်။ ဒီစနစ်ဟာ ကင်မရာနဲ့သုံးမီတာ အကွာအဝေးက အရာဝတ္ထုတွေကို 3D ပုံအဖြစ် စကင်ဖတ်နိုင်မှာပါ။
ကွန်ရက်ချိတ်ဆက်မှုပိုင်းမှာ နောက်ဆုံးပေါ် wi-fi စံတွေနဲ့အညီ ပံ့ပိုးပေးဖို့ရှိပြီး FaceID စနစ် ပိုပြီး လုံုခြုံမှု ရှိစေဖို့TrueDepth ကင်မရာစနစ်ကို အဆင့်မြင့်တင်သွားဖို့ရှိပါတယ်။ သတင်းတွေမှာတော့ Apple ဟာ ကုန်ကျစရိတ်လျှော့ချဖို့3D Touch လိုမျိုး features တွေပါ ဖယ်ရှားသွားမယ်လို့ခန့်မှန်းနေကြပါတယ်။ လက်ရှိအချိန် Apple အနေနဲ့တန်ဖိုးကြီး iPhone သစ်များ ရောင်းအားကျဆင်းမှုနဲ့ကြုံနေတာကြောင့် အခုလို သတင်းတွေထွက်လာတာလည်း ဖြစ်နိုင်ပါတယ်။
Photo: iTechAwan
၂၀၁၉ မော်ဒယ် iPhone တွေနဲ့ပတ်သက်ပြီး ထူးခြားတာတစ်ခုက ဒီနှစ်ထဲမှာ Apple အနေနဲ့5G iPhone တွေ ထုတ်နိုင်မလားဆိုတဲ့ ကောလာဟလတွေပါပဲ။ Intel ဆီက 5G modems တွေ မှာယူမယ့် Apple ဟာ Samsung နဲ့MediaTek တို့ရဲ့ ထုတ်ကုန်တွေကိုလည်း သုံးဖို့စဉ်းစားနေတယ်လို့ဆိုပါတယ်။ အများစုကတော့ အနီးစပ်ဆုံး ၂၀၂၀ ရောက်မှ 5G iPhone ကို မြင်ဖို့ရှိတယ်လို့လည်း ယူဆနေကြပါတယ်။