စုစုပေါင်း လိဂ်ဂိုး ၆ ဂိုးအထိ ရရှိသွားခဲ့ပါပြီ။

မောင့်ပယ်လီယာကို ပီအက်စ်ဂျီက အဝေးကွင်းမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ရာမှာတော့ မက်ဆီက အသင်းအတွက် ဗွေဆော်ဦး ဂိုး ၂ ဂိုးကို ဆက်တိုက်သွင်းယူပေးနိုင်ခဲ့ပါတယ်။ မိနစ် ၂၀ အတွင်းမှာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး လီဂူးမှာ ဂိုးပေါက်ပျောက်နေတာဖြစ်ပြီဖြစ်တဲ့ အာဂျင်တီးနားသားအတွက်တော့ ရာသီကုန်ခါနီးမှာ သွင်းဂိုးတွေရခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ 

မက်ဆီအတွက်တော့ ဒါဟာ လီဂူးမှာ ပထမဆုံးအကြိမ်အဖြစ် တပွဲတည်း ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ပွဲကစားချိန် ၆ မိနစ် နဲ့ ၂၀ မိနစ်တွေမှာ သွင်းယူခဲ့တာဖြစ်ပြီး ကျန်ဂိုးတွေကို ဒီမာရီယာနဲ့ ဘတ်ပီတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ မက်ဆီအတွက်တော့ လီဂူးမှာ စုစုပေါင်း ၆ ဂိုးအထိ ရရှိလာခဲ့တာလည်းဖြစ်ပါတယ်။ 

ပြိုင်ပွဲစုံအားဖြင့်တော့ မက်ဆီက ၁၁ ဂိုးအထိ ရရှိသွားပြီး ဖန်တီးမှုက ၁၃ ကြိမ်အထိရှိခဲ့ကာ သွင်းဂိုးပါဝင်ပတ်သက်မှု ၂၄ ကြိမ်အထိ ရှိခဲ့ပါတယ်။ ဂိုးတွေမသွင်းနိုင်လို့ ဝေဖန်ခံနေရတဲ့ မက်ဆီအတွက်တော့ စိတ်သက်သာရာရစေခဲ့ပြီး ဂိုးပေါက်ပျောက်၂ ပွဲဆက်တိုက်ဂိုးပေါက်ပျောက်နေမှုကိုပါ အဆုံးသတ်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 

ကစားသမားဘ၀မှာ အဆိုးရွားဆုံးလိဂ်ဂိုးမိုးခေါင်မှုနဲ့ မက်ဆီက ရင်ဆိုင်နေရတာဖြစ်ပြီး ဒီနေ့မှာ ၂ ဂိုးအထိ ရရှိခဲ့တာက ဘယ်လိုပဲဖြစ်ဖြစ် စိတ်က​ျေနပ်စရာကောင်းခဲ့ပါတယ်။ မက်ဆီကိုယ်တိုင်လည်း သူ့ရဲ့သွင်းဂိုးတွေအတွက် ကျေနပ်ပျော်ရွှင်နေခဲ့ပြီး ဝမ်းသာအားရအောင်ပွဲခံခဲ့တာကို မြင်တွေ့ခဲ့ရကာ ဒီဘောလုံးရာသီကို အကောင်းဆုံးနှုတ်ဆက်နိုင်တော့မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က