ပြီးခဲ့တဲ့ရာသီမှာ ဝေဖန်ခဲ့တဲ့ ပြောစကားတွေကြောင့်လို့ ဆိုပါတယ်။

ဆိုးလ်ရှားက နာမည်တပ်ကာ အတိအကျပြောဆိုမှုမလုပ်ခဲ့ပေမယ့်လည်း ယာဂင်ကလော့ပ်ပြောဆိုခဲဲ့တဲ့အကြောင်းကို ရည်ရွယ်ပြောဆိုခဲ့တာ ထင်ရှားခဲ့ပါတယ်။


ယူနိုက်တက်နည်းပြဆိုးလ်ရှားက ဒီရာသီမှာ သူတို့အသင်း ပင်နယ်တီမရရှိတော့တာဟာ လီဗာပူးလ်နည်းပြကလော့ပ်ကြောင့် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်တို့ ပင်နယ်တီတွေရရှိခဲ့ချိန်မှာ ကလော့ပ်က သူ့အသင်းရရှိမှုနဲ့ နှိုင်းယှဉ်ပြောဆိုမှုတေါပြုလုပ်ခဲ့ကာ ဒါဟာ ဒီရာသီမှာ သူတို့အသင်း ပင်နယ်တီမရရှိတဲ့ အကြောင်းရင်းဖြစ်တယ်လို့ ဆိုးလ်ရှားက ပြောခဲ့တာပါ။ 

ဆိုးလ်ရှားက နာမည်တပ်ကာ အတိအကျပြောဆိုမှုမလုပ်ခဲ့ပေမယ့်လည်း ယာဂင်ကလော့ပ်ပြောဆိုခဲဲ့တဲ့အကြောင်းကို ရည်ရွယ်ပြောဆိုခဲ့တာ ထင်ရှားခဲ့ပါတယ်။ ဒီနေ့ကစားရမယ့် ဗီလာနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဝက်စ်ဟမ်းနဲ့ ပွဲမှာ ရော်နယ်ဒို ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရပေမယ့် ပင်နယ်တီမရရှိခဲ့တဲ့နောက် အခုလိုဖွင့်ဟသွားခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားက "နောက်ဆုံးကစားခဲ့တဲ့ ၂ပွဲမှာ ကျွန်တေ်ာတို့ ပင်နယ်တီ ၃ ကြိမ်လောက်ရရှိခဲ့သင့်တာပါ၊ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့အရာကို ရရှိဖို့လည်း မျှော်လင့်ပါတယ်၊ မနှစ်က ကျွန်တော်တို့ ပင်နယ်တီတွေရရှိခဲ့တာကို သေချာပေါက်စိုးရိမ်နေတဲ့ နည်းပြတစ်ဦးရှိခဲ့ပြီး သူ့ဘက်က ပြောဆိုမှုတွေအပြီးမှာ ကျွန်တော်တို့ ပင်နယ်တီရဖို့ ခက်ခဲခဲ့ပါတယ်"

"အဲဒီကတည်းကစပြိးတော့ ကြီးမားတဲ့ကွဲပြားခြားနားချက်တွေကို မြင်တွေ့ခဲ့ရတာပါ၊ သေချာပါတယ်၊ ကွင်းလယ်ဒိုင်လူကြီးတွေအနေနဲ့ မကြာခင်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်မယ်လို့လည်း ကျွန်တော်တို့မျှော်လင့်ထားပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီတုန်းက ယာဂင်ကလော့ပ်ပြောဆိုခဲ့တာကတော့ "ကျွန်တော် အခုကြားနေရတာကတော့ ပြီးခဲ့တဲ့ငါးနှစ်ခွဲအတွင်းမှာ ကျွန်တော်တို့ရရှိခဲ့တဲ့ ပင်နယ်တီအရေအတွက်ထက် နှစ်နှစ်အတွင်းမှာ ယူနိုက်တက်ရရှိနေတဲ့ ပင်နယ်တီက ပိုများနေတယ်ဆိုတာပါပဲ၊ ကျွန်တော့်အမှားလား၊ ဒါမှမဟုတ် ဘာတွေဖြစ်နေလဲဆိုတာကိုတော့ ကျွန်တော်မသိပါဘူး၊ ဒါပေမယ့်လည်း ကျွန်တော်တို့ပြောင်းလဲလို့မရပါဘူး၊ ဆုံးဖြတ်ချက်တွေအပေါ်လေးစားရမှာပါ" လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Share

က္က