ရော်နယ်ဒိုကို ကွန်တီက ချီးကျူးခဲ့တာပါ။

စပါးနည်းပြ ကွန်တီက ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရော်နယ်ဒိုက အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ ချီးကျူးပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီ စပါးနဲ့တွေ့ဆုံခဲ့တဲ့ နှစ်ကျော့ပေါင်းမှာ (၄) ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ကစားသမားပါ။



ပထမအကျော့ စပါးကွင်းမှာ ကစားခဲ့တုန်းက တဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဒုတိယအကျော့ ကွန်တီကိုင်တွယ်နေချိန်မှာ စပါးကို ဟက်ထရစ်သွင်းယူနိုင်တဲ့ ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ကလည်း ဒီရာသီမှာ စပါးနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ နှစ်ကျော့လုံးကို အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်က လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ စပါးရဲ့အောက်မှာသာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း စပါး၊ အာဆင်နယ်တို့ ခြေချော်တာကို စောင့်ဆိုင်းနေရတဲ့ အနေအထားပါ။ ဒီကြားထဲမှာမှ ရော်နယ်ဒိုက ယူနိုက်တက်ကို အကောင်းဆုံး ဆွဲတင်နေပြီး အသင်းရဲ့ ဒီရာသီ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။

လက်ရှိအချိန်မှာလည်း ကွန်တီက “ရော်နယ်ဒိုက ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားပါ။ သူ့အနားကို ဘယ်သူမှတောင်မကပ်နိုင်ပါဘူး။ ရော်နယ်ဒိုက ထာဝရအကောင်းဆုံး ကစားသမားပဲဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆိုးလ်ရှားကို ယူနိုက်တက်တို့ ထုတ်ပယ်ခဲ့တုန်းက ကွန်တီဟာလည်း ယူနိုက်တက်နည်းပြဖြစ်လာဖို့ ရေပန်းစားခဲ့ပါသေးတယ်။

ဒါပေမယ့် ယူနိုက်တက်က ရန်းနစ်ဂ်ကိုသာ ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ကွန်တီကို ယူနိုက်တက်တို့ ခန့်အပ်ဖို့ စီစဥ်ခဲ့ချိန်တုန်းက ယူနိုက်တက်အသိုင်းအဝိုင်းအပြင် ရော်နယ်ဒိုကလည်း ကန့်ကွက်ခဲ့တယ်လို့ သိရှိရပြီး ရော်နယ်ဒိုက ဇီဒန်းကိုသာ အလိုရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က