တော်တော်လေးစိတ်ဝင်စားဖို့ကို ကောင်းမွန်နေပါတယ်။

ချန်ပီယံဆုဖလားအတွက် တိုက်ပွဲ၊ ချန်ပီယံလိဂ်ဝင်ခွင့်တနေရာအတွက် ပြိုင်ပွဲ၊ တန်းဆင်းဇုန်နောက်ဆုံးတနေရာအတွက် ရုန်းကန်မှုတွေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ က တော်တော်လေးစိတ်လှုပ်ရှားဖွယ်ရာကောင်းနေဥိးမှာပါ။ အမှတ်ပေးဖလားအတွက် မန်စီးတီးနဲ့ လီဗာပူးလ်တို့ရဲ့ အားပြိုင်မှု၊ အဆင့် ၄ နေရာအတွက် စပါးနဲ့ အာဆင်နယ်တို့ရဲ့ ပြိုင်ဆိုင်မှု၊ လိဒ်နဲ့ ဘန်လေတို့ရဲ့ တန်းမဆင်းရေးညှစ်အားတွေကို မြင်တွေ့ရမှာပါ။ 

ဒီပြိုင်ဆိုင်မှုတွေနဲ့အတူ စိတ်ဝင်စားဖို့ကောင်းနေတာကတော့ ရွှေဖိနပ်ဆုအတွက် တိုက်ပွဲပါပဲ။ လက်ရှိမှာ ရွှေဖိနပ်ဆုအတွက် ဆာလာနဲ့ ဆွန်ဟောင်မင်တို့အပြိုင်ဖြစ်နေပြီး ဆာလာက ၁ ဂိုးအသာနဲ့ ဦးဆောင်နေပါတယ်။ ၂၂ ဂိုးအထိ အီဂျစ်တိုက်စစ်မှူးက ရရှိထားပြီး ဆွန်ဟောင်မင်က ၂၁ ဂိုးပါ။ တတိယနေရာက ရော်နယ်ဒိုက ၁၈ ဂိုးအထိသွင်းထားပေမယ့် လိုက်မီဖို့က မလွယ်တော့လို့ ထိပ်ဆုံးနှစ်ယောက်ပဲ အားပြိုင်ရတော့မှာပါ။ 

လီဗာပူးလ်က နောက်ဆုံးပွဲမှာ ၀ုလ်ဗ်၊ စပါးက နော်ဝှစ်ချ်နဲ့ တွေ့နေလို့လည်း ဆာလာရော၊ ဆွန်ပါ ဂိုးတွေရဖို့ အခွင့်အရေးက ကောင်းနေပါတယ်။ ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေကလည်း ဂုဏ်သိက္ခာအတွက်ပဲ ကန်ရတော့မယ့်အသင်းတွေဖြစ်နေလို့လည်း ပိုပြီးတော့ မျှော်လင့်ချင်စရာကောင်းနေလို့ ရွှေဖိနပ်ဆုကို ဘယ်သူဆွတ်ခူးသွားမလဲဆိုတာကလည်း အခြားပြိုင်ဆိုင်မှုတွေထက် မ,သာရင်တောင်မှ ပြင်းထန်မှုက တော်တ​ော်လေးရှိနေမှာပါ။ 

ဆာလာကတော့ ထိပ်ဆုံးနေ ဦးဆောင်နေပေမယ့် ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အတွက် ဂိုးမသွင်းနိုင်တာ ၄ ပွဲရှိသွားပါပြီ။ နောက်ဆုံး ၁၀ ပွဲမှာဆိုရင် ၃ ဂိုးတည်းပဲ သူရခဲ့ပြီး ဂိုးမရတဲ့ပွဲက ၈ ပွဲတောင်ရှိခဲ့တာပါ။ အဲဒီအချိန်မှာ ဆွန်ဟောင်မင်ကတော့ နောက်ဆုံး၁၀ ပွဲမှာ ၁၀ ဂိုးအထိ သွင်းနိုင်ခဲ့ပြီး ဂိုးမရတာ ၃ ပွဲတည်းရှိခဲ့တာပါ။ ဒီမှာတင် သူက ဆာလာကို အမီလိုက်ပြီး ရွှေဖိနပ်ဆုအတွက် စိန်ခေါ်နိုင်ခဲ့တာပါ။ 

ဆာလာပဲ ရွှေဖိနပ်ရမယ်ဆိုရင် သိပ်တော့မဆန်းပေမယ့် ဆွန်ဟောင်မင်သာရမယ်ဆိုရင်တော့ ဒါက ပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆုကို ပထမဆုံးဆွတ်ခူးမယ့် အာရှသားအဖြစ် မှတ်တမ်းဝင်လာတော့မှာပါ။ ဒီရာသီမှာ ဂိုးပေါင်း ၃၀ အထိ တိုက်ရိုက်ပါဝင်ပတ်သက်ထားပြီး ပင်နယ်တီသွင်းဂိုးလုံး၀မပါဝင်ဘဲ ၂၁ ဂိုးအထိ ရရှိထားတဲ့ ဆွန်ဟောင်မင်အတွက် ရွှေဖိနပ်ဆုက ပိုထိုက်တန်တယ်လို့လည်း ပရိသတ်တွေကမှတ်ချက်ပြုနေပါတယ်။ ဘယ်သူ ဆွတ်ခူးသွားမလဲဆိုတာကတော့..။ 


Share

Loading Next Article...
က္က