စုစုပေါင်း ၁၅ ကြိမ်အထိ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

လီဂူးချန်ပီယံပီအက်စ်ဂျီအသင်းဟာ ထရိုင်ယက်စ်အသင်းကို အိမ်ကွင်းမှာ ၂ ဂိုးစီသရေသာကစားနိုင်ခဲ့ပါတယ်။ ချန်ပီယံဖြစ်ခဲ့ပြီးပြီဆိုပေမယ့်လည်း ပိုချက်တီနိုက အဓိကကစားသမားတွေအားလုံးကို ပွဲထွက်ခဲ့ပြီး ဦးဆောင်ဂိုး ၂ ဂိုးရအောင် သွင်းယူနိုင်ခဲ့ပေမယ့် ချေပဂိုးတွေပြန်ပေးခဲ့ရလို့ သရေနဲ့သာကျေနပ်ခဲ့ရပြီး အဆုံးသတ်ခဲ့ရပါတယ်။ 

ဒီပွဲမှာလည်း မက်ဆီတယောက်ဂိုးပေါက်ပျောက်နေခဲ့ပြီး သူကန်သွင်းတဲ့ တကြိမ်ကလည်း ဂိုးတိုင်ထိသွားခဲ့ပါတယ်။ Opta ရဲ့ ဖော်ပြချက်အရဆိုရင် သူတို့တွေ အခုလိုမျိုး အချက်အလက်မှတ်တမ်းတွေကို စတင်ကောက်ယူတဲ့ ၂၀၀၆-၂၀၀၇ ဘောလုံးရာသီကစပြီး ဥရောပထိပ်တန်းလိဂ်မှာ မက်ဆီက ဂိုးတိုင်ထိမှန်မှုအများဆုံးကစားသမားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 



မက်ဆီဟာ ဒီရာသီတခုတည်းမှာပဲ ဂိုးတိုင်ထိမှု ၁၀ ကြိမ်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီမှာ ဂိုးပေါက်ပျောက်နေတဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ ကျိန်စာသင့်နေသလားလို့ ထင်မှတ်ရလောက်အောင်ဖြစ်နေပြီး မကြာခဏဆိုသလိုပဲ သူ့ ကန်သွင်းချက်တွေက ဂိုးတိုင်ထိမှန်ခဲ့ကာ လက်ရှိအချိန်ထိ ပီအက်စ်ဂျီအတွက် လိဂ်ဂိုး ၄ ဂိုးသာ ရရှိထားခဲ့ပါတယ်။ 

ပြိုင်ပွဲစုံအးဖြင့် ၉ ဂိုးသာ ရရှိထားပြီး ကစားသမားဘ၀မှာ လိဂ်သွင်းဂိုးအနည်းဆုံးဘောလုံးရာသီတခုကို မက်ဆီရင်ဆိုင်နေရတာဖြစ်ပါတယ်။ သူ့ရဲ့သွင်းဂိုးတွေထက် တိုင်ထိတဲ့အရေအတွက်က ပိုများနေတာဖြစ်ပြီး အာဂျင်တီးနားသားတယောက် ပြင်သစ်မြေမှာ ထင်မှတ်ထားခဲ့သလိုမဟုတ်ဘဲ ရုန်းကန်နေရတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က