လီယွန်နယ်မက်ဆီကတော့ ဒီရာသီနှောင်းပိုင်းမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ပြိုင်ပွဲစုံသွင်းဂိုးနဲ့ ဖန်တီးမှုကို အနည်းဆုံး ၂၀ စီ ရရှိထားတဲ့ တဦးတည်းသော ကစားသမားအဖြစ် ရှိနေပါတယ်။ ရာသီကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ မက်ဆီဟာ ပြိုင်ပွဲစုံ ဂိုးပေါင်း ၄၀ အထိ တိုက်ရိုက်ပါဝင်ပတ်သက်ထားနိုင်ခဲ့ပါတယ်။
သူဟာ ပြိုင်ပွဲစုံသွင်းဂိုး ၂၀ နဲ့ ဖန်တီးမှု ၂၀ အနည်းဆုံးပြုလုပ်ထားတဲ့ တဦးတည်းသော ကစားသမားအဖြစ် ရှိနေခဲ့တာပါ။ မက်ဆီက ဂိုးပိုသွင်းတဲ့သူတွေ၊ ဖန်တီးမှုတွေ လုပ်ထားနိုင်သူတွေရှိပေမယ့်လည်း သွင်းဂိုး/ဖန်တီးမှုကိုတော့ အနည်းဆုံး ၂၀ စီ လုပ်နိုင်တဲ့သူ မရှိခဲ့တာပါ။
မက်ဆီဟာ လီဂူးမှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဖန်တီးမှု ၁၆ ကြိမ်၊ ချန်ပီယံလိဂ်မှာ ၄ဂိုးသွင်း ၄ ကြိမ်ဖန်တီးထားကာ ပြင်သစ်ဖလားမှာ ၁ ဂိုးသွင်းယူထားခဲ့တာပါ။ အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ အသင်းပရိသတ်တွေဆီက ပြန်လည်လှောင်ပြောင်မှုကို ရရှိခဲ့ပြီးနောက်မှာ ခြေစွမ်းပါကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ ၃၉ ပွဲကစားထားကာ ဂိုးပေါင်း ၄၀ အထိ ပါဝင်ပတ်သက်ထားလို့ တပွဲကို သွင်းဂိုးတဂိုး ဒါမှမဟုတ် ဖန်တီးမှုတကြိမ် ပြုလုပ်ထားတဲ့ သဘောဖြစ်ပါတယ်။ လက်ရှိမှာတော့ လီဂူး ၂ပွဲသာ ကစားဖို့ကျန်ရှိတော့ပြီး မက်ဆီအနေနဲ့ ၄ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ထားမှုကို အဆုံးသတ်နိုင်ဖို့တော့ လိုအပ်နေပါတယ်။