နေမာရဲ့ ပေးပို့မှုလှပသလို ဘတ်ပီရဲ့ ကန်သွင်းချက်ကလည်း တိကျခဲ့ပါတယ်။

ဂျူဗင်တပ်စ်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် အဖွင့်ပွဲမှာ နေမာနဲ့ ဘတ်ပီတို့ ပူးပေါင်းပြီး အလှပဆုံးသွင်းဂိုးတဂိုးကို ပုံဖော်နိုင်ခဲ့ကြပါတယ်။ ဘတ်ပီရဲ့ အဖွင့်ဂိုးမှာတော့ နေမာက လှလှပပဖန်တီးပေးနိုင်ခဲ့သလို ဘတ်ပီရဲ့ မြေမကျကန်သွင်းချက်လည်း တော်တော်လေးတိကျသေသပ်ခဲ့ကာ သူတို့နှစ်ဦးကြား ချိတ်ဆက်မှုနဲ့ နားလည်မှုပြည့်၀မှုကိုပါ ပြသနိုင်ခဲ့ပါတယ်။ 

ကွင်းလယ်မှာ ဗီတင်ဟာဆီကနေ ဘောလုံးကို ဘတ်ပီက လက်ခံရရှိခဲ့ပြီးနောက် နေမာကို ပြန်ပေးခဲ့ကာ သူက ဂျူဗီဂိုးဧရိယာထဲကို ပြေးဝင်သွားခဲ့ပါတယ်။ သူ ပြေးဝင်မှုနဲ့ ချိန်သားကိုက်ဆိုသလို နေမာက ခြေဦးနဲ့ ဘောလုံးကို ကော်တင်ကာ ပေးပို့ခဲ့တဲ့နောက် ဘတ်ပီက အဆိုပါဘောလုံးကို မြေမကျကန်သွင်းချက်နဲ့ သွင်းယူပြီး ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ 



ရာသီအစောပိုင်းမှာ ပင်နယ်တီလုကန်ပြီး စိတ်ဝမ်းကွဲနေတဲ့ပုံစံကို ပြသခဲ့တဲ့ နေမာနဲ့ ဘတ်ပီတို့က အခုတော့ အရင်လိုမဟုတ်တော့ဘူးဆိုတာကိုပြသခဲ့ပါတယ်။ ဂိုးသွင်းအပြီးမှာလည်း သူတို့နှစ်ဥိး အတူတူအောင်ပွဲခံခဲ့ကြပါသေးတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီအတွက် ဘတ်ပီတဦးတည်းက ၂ ဂိုးသွင်းယူပေးခဲ့ကာ ဂျူဗီအတွက် မက်ကင်နီးက ချေပဂိုးတစ်ဂိုးပြန်သွင်းပေးခဲ့လို့ ၂-၁ နဲ့ ပီအက်စ်ဂျီတို့ အနိုင်ရရှိခဲ့ပါတယ်။ 

ဒီရာသီမှာ ဘတ်ပီရဲ့ သွင်းဂိုးကလည်း ၉ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ နေမာ၊ မက်ဆီနဲ့ သူတို့ကြားမှာ အပြန်အလှန်ဖန်တီးပေးမှုတွေကိုလည်း ပွဲတိုင်းလိုလိုပါ ပြုလုပ်နေတာဖြစ်ပြီး ပီအက်စ်ဂျီ တိုက်စစ်ပိုင်းက ဘယ်ပွဲမှာမဆို ဂိုးရဖို့အတွက် လွယ်လွယ်ကူကူနဲ့ အေးအေးဆေးဆေးဖြစ်နေခဲ့ကာ ဒီရာသီ သူတို့ရဲ့ ချန်ပီယံလိဂ်ဖလားမျှော်လင့်ချက်ကို ပိုပြီးအသက်သွင်းနိုင်ဖွယ်ရာရှိနေပါတယ်။ 

Share

Loading Next Article...
က္က