ပြိုင်ပွဲစုံသွင်းဂိုး ၁၂ ဂိုးအထိ သွင်းယူထားတာပါ။

ချယ်လ်ဆီးရဲ့ ပေါင်သန်း ၁၀၀ တန် တိုက်စစ်မှူးလူကာကူဟာ မနေ့က ကစားခဲ့တဲ့ မစ်ဒယ်ဘရော့နဲ့ပွဲမှာ အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးက ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ရာမှာ ဘယ်လ်ဂျီယံတိုက်စစ်မှူးဂိုးသွင်းနိုင်ခဲ့ပြီး အသင်းကို နောက်တဆင့်တက်ရောက်နိုင်အောင် ကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီသွင်းဂိုးကြောင့် လူကာကူက ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၂ ဂိုးအထိ ရရှိခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ဒီရာသီမှာ ချယ်လ်ဆိးရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး လန်ဒန်ကလပ်အတွက် အကောင်းဆုံးကစားပေးနေတယ်လို့ဆိုကြတဲ့ ကိုင်ဟာဗက်ဇ်၊ မေဆန်မောင့်၊ ပင်တိုင်ပင်နယ်တီကန်သွင်းသူ ဂျော်ဂျင်ဟိုတို့ထက်ပါ ဂိုးပိုသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ 

မိနစ်အလိုက်ဂိုးရရှိမှုမှတ်တမ်းမှာလည်း လူကာကူက အကောင်းဆုံးဖြစ်နေခဲ့ပြီး ၁၈၇ မိနစ်ကစားပြီးတိုင်းမှာ တဂိုးရရှိနေတာဖြစ်ပါတယ်။ ဟာဗက်ဇ်က ၂၁၂ မိနစ်၊ ဂျော်ဂျင်ဟိုက ၃၁၄ မိနစ်၊ မေဆန်မောင့်က ၃၂၈ မိနစ်၊ ဇီယက်ချ်က ၂၈၄ မိနစ်အထိ အချိန်ယူနေခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ ချယ်လ်ဆီးကို ပြန်ရောက်လာပြီးကတည်းက ဝေဖန်ခံနေရတဲ့ လူကာကူရဲ့ လူမသိသူမသိတဲ့ စွမ်းဆောင်ရည်တွေဖြစ်ပါတယ်။ 

အင်တာမီလန်ကနေ ချယ်လ်ဆိးကို ရောက်ရှိလာပြီးနောက် အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့မှု၊ First Touch တွေမှာ ညံ့ဖျင်းမှုနဲ့ အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားရာမှာ အားနည်းမှုတွေကြောင့် လူကာကူက လှောင်ပြောင်ခံနေရသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း အချက်အလက်မှတ်တမ်းတွေအရတော့ သူက အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး ဂိုးရဖို့အတွက် အချိန်အနည်းဆုံးသာယူရတဲ့ ကစားသမားဖြစ်နေခဲ့ပါတယ်။ 


Share

Loading Next Article...
က္က