ရပ်ရှ်ဖို့ဒ်အတွက် စိတ်ပျက်စရာ ရာသီတစ်ခုဖြစ်ပါတယ်။

မနေ့ညက ကိုပင်ဟေဂင်နဲ့ပွဲမှာ တိုက်ရိုက်အနီကတ် ထိခဲ့တဲ့နောက် ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ရဲ့ ဒီရာသီ သွင်းဂိုးအရေအတွက်နဲ့ အနီကတ်အရေအတွက်က တူညီသွားခဲ့ပြီဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ်က ကိုပင်ဟေဂင်နောက်ခံလူ ဂျီလာတ်ကို တက်နင်းမိခဲ့တာကြောင့် အခုလိုမျိုးပဲ တိုက်ရိုက်အနီကတ် ထိခဲ့တာပါ။




ဒီပွဲရဲ့ ပထမပိုင်းပွဲကစားချိန် အစောပိုင်းမှာ ယူနိုက်တက်က ဟို့ဂျ်လန်းရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ သက်သောင့်သက်သာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရပ်ရှ်ဖို့ဒ်က ပွဲကစားချိန် (၄၂) မိနစ်မှာ ဘောလုံးဆုံးရှုံးရင်း အခုလိုမျိုး ပြိုင်ဘက်ကိုပါ ပြစ်ဒဏ်ကျူးလွန်မိခဲ့တာကြောင့် အနီကတ်ထိခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ပွဲရဲ့ အနေအထားက လုံးဝပြောင်းလဲသွားခဲ့ပြီး ကိုပင်ဟေဂင်က ပထမပိုင်းမပြီးခင်မှာတင် ချေပဂိုးနှစ်ဂိုးရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်က ပင်နယ်တီကတစ်ဆင့် ပြန်လည် ဦးဆောင်ခွင့် ရယူခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒါတွေက ယူနိုက်တက်ကို ဒိန်းမတ်မြေမှာ အနိုင်ရဖို့မပြောနဲ့၊ သရေကျဖို့အတွက်တောင် မလုံလောက်ခဲ့ပါဘူး။ ပွဲကစားချိန် (၈၃) မိနစ်နဲ့ (၈၇) မိနစ်တို့မှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက်ပေးလိုက်ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
ရပ်ရှ်ဖို့ဒ်ကတော့ ဒီပွဲအနီကတ်ကြောင့် ဂါလာတာစာရေးနဲ့ အဝေးကွင်းပွဲကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ အဆိုပါ ကစားသမားဟာ ဒီရာသီမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးမှုကြောင့် ဝေဖန်ခံနေရပြီး အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ရှုံးတဲ့ပွဲမှာသာ အသင်းအတွက် တစ်ဂိုး သွင်းယူထားနိုင်ခဲ့တာပါ။​

Share

Loading Next Article...
က္က