နည်းပြတန်ဟက်လက်အောက်မှာ နောက်ထပ်တစ်ကြိမ် ဆုဖလားတွေကို စိန်ခေါ်နိုင်နေပြီလို့ မျှော်မှန်းထားတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဝိန်း ရူနီက ယခုရာသီမှာ သရဲနီတွေရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အလွန်အထင်ကြီးမိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဆာအဲလက်စ် ဖာဂူဆန် အနားယူခဲ့တဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ရုန်းကန်ခဲ့ရတာဖြစ်ပေမယ့် နောက်ဆုံးမှာတော့ နည်းပြ အဲရစ် တန်ဟက်လက်အောက်မှာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့ပြီဖြစ်ပုံပေါ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ရာသီအစမှာ စိတ်ပျက်ဖွယ်ရာသီအစကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့် ၃ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး ဥရောပမှာရော ပြည်တွင်းမှာပါ အားကောင်းတဲ့ တိုးတက်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တက်ဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ဆီဗီလာနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး ဘရိုက်တန်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကို နောက်ထပ်တစ်ကြိမ် အသိအမှတ်ပြုမိတယ်လို့ ဝိန်း ရူနီက ပြောကြားခဲ့ပြီး ၎င်းရဲ့အသင်းဟောင်းက နည်းပြတန်ဟက်လက်အောက်မှာ နောက်ထပ်တစ်ကြိမ် ဆုဖလားတွေကို စိန်ခေါ်နိုင်နေပြီလို့ မျှော်မှန်းထားတာဖြစ်ပါတယ်။

 

“မန်ချက်စတာယူနိုက်တက်က ကျွန်တော် အသိအမှတ်ပြုတဲ့အသင်းတစ်သင်းအဖြစ် ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ကစားသမားအဖြစ်နဲ့ ကျွန်တော် တိုက်ပွဲဝင်ခဲ့ဖူးတဲ့အသင်းတစ်သင်းပြန်ဖြစ်နေပါပြီ။ သူတို့တွေက ဩဂုတ်လတုန်းက ကျွန်တော် ရေးသားခဲ့တဲ့ စိတ်ဓာတ်မရှိ၊ နှလုံးသားမရှိတဲ့ သနားစရာကောင်းတဲ့ အသင်းပုံစံမျိုးနဲ့ တော်တော်လေး ကွာခြားနေပါပြီ။ အဲဒါကို ဘရန့်တ်ဖို့ဒ်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ရေးခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း ပြုပြင်ပြောင်းလဲမှုတွေကို အရမ်းကို အထင်ကြီးမိပါတယ်။အဲဒါက စိတ်ဓာတ်နဲ့ စတင်ခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်က တစ်ယောက်ချင်းစီအတွက် တိုက်ပွဲဝင်တဲ့အသင်းပုံစံပေါ်နေပြီဖြစ်ပြီး နှစ်ပေါင်းများစွာ မရှိခဲ့တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အသွေးတွေရှိတဲ့အသင်းဖြစ်နေပါပြီ။ ဆုဖလားတွေအတွက် ယှဉ်ပြိုင်မယ့် လူစာရင်းမှာ မဖြစ်မနေလိုအပ်တဲ့ စိတ်ဓာတ်မျိုးကို ဖန်တီးပေးခဲ့တဲ့ တန်ဟက်ကို ချီးကျူးရမှာပါ။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက သူက ပရီးမီးယားလိဂ်ဖလားကိုတောင် စိန်ခေါ်နိုင်ခြေရှိတဲ့ပုံပေါ်ခဲ့ပါတယ်။ သူ့အသင်းက ခြေစွမ်းနည်းနည်းကျသွားခဲ့ပေမယ့် ဆုဖလား ၃ လုံးလောက်နဲ့ ရာသီသိမ်းနိုင်သေးပါတယ်။ မန်ချက်စတာယူနိုက်တက်က ထိပ်ဆုံး ၄ နေရာထဲ ရာသီပြီးဆုံးမယ်လို့ ကျွန်တော် သေချာပြီး ပြီးရင် နွေရာသီမှာ အင်အားဖြည့်တင်းဖို့ သူ လူအနည်းငယ်ဝယ်ပြီး ဆက်လုပ်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က