ဗီယာရာရဲ့ အသင်းကို နှစ်ကျော့စလုံးဂိုးမသွင်းနိုင်ခဲ့ဘဲ နိုင်ပွဲလည်းမရခဲ့ပါဘူး။

ဒီရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးတို့ မနေ့က ပဲလေ့စ်နဲ့ ဂိုးမရှိသရေကျခဲ့တာကြောင့် ဒုတိယနေရာက လီဗာပူးလ်ထက် တပွဲပိုကစားထားပြီး ၄ မှတ်သာကွာဟသွားပြီဖြစ်ပါတယ်။ လက်ကျန်ပွဲကိုသာ လီဗာပူးလ်က အနိုင်ရရှိခဲ့မယ်ဆိုရင် ၁ မှတ်သာကွာဟတော့မှာဖြစ်ကာ အမှတ်ပေးချန်ပီယံဘယ်အသင်းဖြစ်မလဲဆိုတာက ရာသီကုန်ထိ စောင့်ကြည့်ရဖွယ်ရှိနေပြီဖြစ်ပါတယ်။ 

ပဲလေ့စ်နဲ့ပွဲမှာ မန်စီးတီးဟာ ဂိုးကန်သွင်းချက် ၁၀ ကြိမ်ရှိခဲ့ပြီး ဂိုးပေါက်တည့်မှုက ၄ ကြိမ်သာရှိခဲ့ပါတယ်။ ကွင်းတွင်းအချက်အလက်အားလုံးမှာ အသာစီးရရှိခဲ့ပေမယ့် သူတို့က ဂိုးမသွင်းယူနိုင်ခဲ့ဘဲ အခွင့်အရေးတွေကို လက်လွှတ်ခဲ့ရကာ လီဗာပူးလ်ကို ပျော်ရွှင်စေခဲ့ပါတယ်။ ဒီရာသီအမှတ်ပေးပွဲမှာ ၆၈ ဂိုးအထိ သွင်းယူထားတဲ့ မန်စီးတီးအတွက်လည်း စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ 


ထူးခြားတာကတော့ ဒီနှစ်သင်းပထမအကျော့မှာ ရင်ဆိုင်ခဲ့တုန်း အီတီဟတ်မှာ ပဲလေ့စ်က ၀-၂ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး သူတို့အိမ်ကွင်းမှာလည်း ပေးဂိုးမရှိဘဲ မရှုံးနိမ့်အောင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဒီရာသီမှာ မန်စီးတီးတို့ ပရီးမီးယားလိဂ်အသင်းတသင်းကို နှစ်ကျော့စလုံးဂိုးမသွင်းယူနိုင်ခဲ့တဲ့ ပွဲစဉ်ဖြစ်လာခဲ့ပြီး ဗီယာရာရဲ့ ပဲလေ့စ်က မန်စီးတီးနဲ့ တွေ့တိုင်း ဒုက္ခပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ဒီမတိုင်ခင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၂၆ ပွဲမှာ သွင်းဂိုးမရတဲ့ပွဲတပွဲတည်းသာ မန်စီးတီးက ရှိခဲ့ပြီး အင်္ဂလန်ပြည်တွင်းပွဲအားလုံးမှာ ဂိုးသွင်းနိုင်တဲ့ စံချိန်လည်း ရပ်တန့်ခဲ့ရပါတယ်။ ဒ့ါအပြင် ပထမအကျော့က ပဲလေ့စ်ကို ဂိုးမသွင်းနိုင်ဘဲ အရေးနိမ့်ခဲ့ပြီးနောက် ပြည်တွင်းပွဲတွေမှာ ပထမဆုံးဂိုးမသွင်းနိုင်ခဲ့တဲ့ပွဲကလည်း ပဲလေ့စ်နဲ့ ပြန်လည်တွေ့ဆုံတဲ့ ပွဲဖြစ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က