မန်စီးတီးထက်တောင် ပိုကောင်းတယ်လို့ ဂွာဒီယိုလာက ချီးကျူးခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ဂိုးတွေ တဒိုင်းဒိုင်းသွင်းပြီး ခြေစွမ်းပြနေပေမယ့် ဂွာဒီယိုလာကတော့ အာဆင်နယ်က သူတို့အသင်းထက်ပိုကောင်းတယ်လို့ ချိးကျူးပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ်မှာ မန်စီးတီးက ရှုံးပွဲမရှိစံချိန်ရရှိထားပေမယ့် အမှတ်ပေးဇယားကို အာဆင်နယ်က ဦးဆောင်နေတာဖြစ်ပြီး ဂွာဒီယိုလာရဲ့ နည်းပြအဖွဲ့ဝင်ဖြစ်ခဲ့ဖူးတဲ့ အာတီတာက ကိုင်တွယ်နေတာပါ။ 

ဟာလန်းရဲ့ သွင်းဂိုးတွေနဲ့အတူ နိုင်ပွဲတွေဆက်နေတဲ့ မန်စီးတီးဟာ ဗီလာနဲ့ နယူးကာဆယ်ကို သရေသာကစားနိုင်ခဲ့လို့ အာဆင်နယ်နဲ့ ရမှတ် ၁ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။ အာတီတာရဲ့ အာဆင်နယ်ကလည်း လိဂ်ပွဲ ၈ ပွဲကစားအပြီးမှာ ၇ ပွဲအထိ အနိုင်ရခဲ့ပြီး ယူနိုက်တက်တသင်းတည်းကိုသာ အရေးနိမ့်ထားကာ ရမှတ် ၂၁ မှတ်နဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။ 

"ပြီးခဲ့တဲ့နှစ်တွေမှာ ကျနော်တို့က နည်းနည်းလေးပိုကောင်းခဲ့တာပါ၊ ချန်ပီယံလိဂ်မှာဆိုရင် အိပ်မက်မက်ရတဲ့အဆင့်မှာပဲ ရှိနေပါသေးတယ်၊ အုပ်စုအဆင့်က တက်ရောက်နိုင်ဖို့ တပွဲအနိုင်ကစားဖို့ လိုနေပါသေးတယ်၊ ဒါပေမယ့် ကျနော်တို့ထက် ပိုကောင်းတဲ့အသင်းတသင်းကိုတော့ မေ့ထားလို့မရပါဘူး၊ အာဆင်နယ်က ကျနော်တို့ထက်ပိုပြီးတော့ကောင်းမွန်နေတဲ့ အသင်းပါ၊ ဒါက အမှန်တကယ်ပါပဲ"

"ကျနော်တို့က လိဂ်မှာ ဦးဆောင်သူမဟုတ်ပါဘူး၊ အာဆင်နယ်က ထိပ်ဆုံးကိုရောက်နေတာဖြစ်ပြီး အဆင့် ၁ နေရာကို ရောက်နိုင်ဖို့က အရေးကြီးပါတယ်၊ အဲဒီကို ရောက်ဖို့အတွက်လည်း တိုက်ပွဲဝင်သွားရမှာပါ" လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။ ဂွာဒီယိုလာ ချီးကျူးလောက်ရအောင်လည်း အာဆင်နယ်က ခြေစွမ်းပြနေတာဖြစ်ပြီး ရက်သတ္တပတ်တိုင်းမှာ ဖျော်ဖြေမှုပေးနိုင်တဲ့ ကစားဟန်နဲ့အတူ နိုင်ပွဲတွေ ရယူနေခဲ့တာပါ။ 

ဒီရာသီစတင်ကတည်းက အာဆင်နယ်ရဲ့ ခြေစွမ်းနဲ့ ကစားပုံက ချီးကျူးရမယ့် အဆင့်တခုမှာရှိနေခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တာလည်း ပွဲစဉ် ၈ အထိ ရောက်လာတဲ့အထိအောင်ပါပဲ။ အာဆင်နယ်ပရိသတ်တွေကတော့ ဒီရာသီမှာ သူတို့အသင်းအောင်မြင်မှုတခုခုကို ပြန်လည်ဆွတ်ခူးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ 

Share

Loading Next Article...
က္က