မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဒီရာသီမှာသာ ဆုဖလား (၃) လုံးကို ထပ်မံဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် နည်းပြလောကကနေ အနားယူမှာဖြစ်ကြောင်း နောက်ပြောင်ပြောကြားသွားခဲ့ပါတယ်။ အနားယူမယ့် အစီအစဉ်နဲ့ပတ်သက်လို့ မေးမြန်းခဲ့ချိန်မှာ ဂွါဒီယိုလာက အခုလိုပဲ ပြောကြားခဲ့တာပါ။
ဗီလာနဲ့ပွဲမတိုင်ခင်မှာ ရုပ်သံအစီအစဉ်တင်ဆက်သူတွေက ဂွါဒီယိုလာရဲ့အနာဂတ်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒီအချိန်မှာ ဂွါဒီယိုလာက “ကျွန်တော်တို့ ဒီရာသီမှာသာ နောက်ထပ် ဆုဖလားသုံးလုံး ထပ်မံဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် အနားယူလိုက်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဂွါဒီယိုလာဟာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အစီအစဉ်တစ်ခုမှာ အခုလိုမျိုး ပြောကြားခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာကို မေးမြန်းခဲ့တဲ့ ရုပ်သံတင်ဆက်သူကတော့ “ဂွါဒီယိုလာရေ... ငါတို့ အခု တိုက်ရိုက်ထုတ်လွှင့်နေတာနော်” လို့ သတိပေးသွားခဲ့ရပါတယ်။
မန်စီးတီးဟာ အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ လေးပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း အသင်းက အခုချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် (၄) နေရာအထိ ရောက်ရှိသွားခဲ့ပြီး အမှတ်ပေးချန်ပီယံဆုကို ကာကွယ်ဖို့ ရုန်းကန်ရတော့မှာပါ။