ဘယ်ကစားသမားထက်မဆို ပိုပြီးတော့ သွင်းယူထားတာဖြစ်ပါတယ်။

မနေ့က ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ချယ်လ်ဆီးပွဲစဉ်ကတော့ တဖက်ကို တဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ချယ်လ်ဆီးက ဦးဆောင်ဂိုးကို အလွန်ဆိုရဲ့ လှပတဲ့ကန်ချက်နဲ့ ရယူနိုင်ခဲပေမယ့် သိပ်မကြာခင်မှာပဲ ရော်နယ်ဒိုက မာတစ်ရဲ့ ဖန်တီးပေးမှုကနေ လှလှပပကန်သွင်းယူကာ ယူနိုက်တက်အတွက် ချေပပေးခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲကိုလည်း အနိုင်မရခဲ့လို့ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူးရော်နယ်ဒိုအတွက်တော့ ဂုဏ်ယူစရာမှတ်တမ်းတွေရရှိခဲ့သလို ယူနိုက်တက်တိုက်စစ်မှာ သူသာမရှိဘူးဆိုရင် မတွေးဝံ့စရာဖြစ်နေမယ်ဆိုတာကို ထပ်မံပြသနိုင်ခဲ့တဲ့ ပွဲတပွဲလည်းဖြစ်လာခဲ့ပါတယ်။ 

မနေ့ကပွဲမှာ ဂိုးသွင်းအပြီး ရော်နယ်ဒိုရဲ့ ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုးက ၁၇ ဂိုးအထိရှိလာခဲ့ကာ သူ့ထက်ဂိုးပိုသွင်းထားသူအဖြစ် လီဗာပူးလ်တိုက်စစ်မှူးဆာလာသာ ရှိနေပါတော့တယ်။ ဆာလာက ၂၂ ဂိုးသွင်းယူကာ ဦးဆောင်နေတာဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုက ဒုတိယနေရာမှာရှိနေခဲ့ကာ သူ့ရဲ့စွမ်းဆောင်ရည်က ပိုပြီးတော့ ထင်သာမြင်သာရှိနေခဲ့ပါတယ်။ 

ဒ့ါအပြင် ဒီရာသီပရီးမီးယားလိဂ်မှာ သူက ထိပ်ဆုံး ၅ သင်းကို ၈ ဂိုးအထိ သွင်းယူထားခဲ့ပြီး ဒါဟာ ဘယ်ကစားသမားထက်မဆို ပိုမိုများပြားနေတာလည်းဖြစ်ပါတယ်။ ထိပ်ဆုံး ၅ သင်းနဲ့ တွေ့ဆုံမှုမှာ သူ့ထက်ပိုပြီး ဘယ်ကစားသမားကမှ ဂိုးမသွင်းနိုင်ခဲ့ဘဲ  ရော်နယ်ဒိုရဲ့ မှတ်တမ်းတွေက အံ့အားသင့်ဖွယ်ရာကောင်းနေခဲ့ကာ အသက်နဲ့မလိုက်ဖက်အောင်ကို ခြေစွမ်းကောင်းမွန်နေခဲ့တာလည်းဖြစ်ပါတယ်။ 

Share

က္က