(၁၆) ဂိုးသာ လိုအပ်တော့တာပါ။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုကတော့ သူ့အနေနဲ့ ဒီရာသီမှာ ဒါမှမဟုတ် လာမယ့်ရာသီမှာ သွင်းဂိုး အရေအတွက် (၉၀၀) ပြည့်အောင် ကြိုးစားသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုက သွင်းဂိုး (၈၈၄) ဂိုးရှိနေပါပြီ။



ဒါဟာ ရော်နယ်ဒိုရဲ့ ကစားသမားဘဝတစ်လျှောက် နိုင်ငံနဲ့ ကလပ်ပြိုင်ပွဲစုံမှာ သွင်းယူထားတဲ့ သွင်းဂိုးအရေအတွက်လည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ သမိုင်းဝင်စံချိန်တစ်ခုဖြစ်တဲ့ သွင်းဂိုး (၉၀၀) ပြည့်ဖို့အတွက်လည်း (၁၆) ဂိုးသာ လိုအပ်တော့တာပါ။

ဆော်ဒီပရိုလိဂ် ရာသီကုန်ဆုံးဖို့က လက်ကျန် (၄) ပွဲသာ ကျန်တော့ပြီး ဆော်ဒီဘုရင့်ဖလား ဗိုလ်လုပွဲနဲ့ဆိုရင်တော့ (၅) ပွဲသာ ကျန်ရှိတော့တာပါ။ ဒီရာသီမကုန်ခင် သွင်းဂိုး (၉၀၀) ပြည့်ဖို့အတွက်ဆိုရင်တော့ ရော်နယ်ဒိုတစ်ယောက် ဒီ (၅) ပွဲမှာ (၁၆)​ ဂိုးအထိ သွင်းယူဖို့ လိုအပ်နေပါတယ်။

ရော်နယ်ဒိုက “ကျွန်တော် ဒီရာသီ ဒါမှမဟုတ် နောက်ရာသီမှာ သွင်းဂိုး (၉၀၀) ပြည့်ဖို့ ကြိုးစားသွားမှာပါ။ ဒီအတွက် ဘာမှပြဿနာမရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ဒီရာသီမှာ သွင်းဂိုး (၉၀၀) စံချိန်ကို လိုက်မီချင်တယ်ဆိုရင်တော့ ရာသီလက်ကျန်ပွဲတွေမှာ တစ်ပွဲ သုံးဂိုးနှုန်း သွင်းယူဖို့ လိုအပ်နေပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် (၁၂၈) ဂိုး၊ စပို့တင်းလစ္စဘွန်းအတွက် (၅) ဂိုး၊ ရီးရဲလ်မက်ဒရစ်အတွက် သွင်းဂိုး (၄၅၀)၊ ဂျူဗင်တပ်စ်အတွက် (၁၀၁) ဂိုး၊ ယူနိုက်တက်အတွက် (၁၄၅)​ ဂိုး၊ အယ်လ်နာဆာအတွက် (၅၅) ဂိုးအထိ သွင်းယူပေးထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က