အင်္ဂလန်တိုက်စစ်မှူးရဲ့ကန်ချက်က တိကျသေသပ်တဲ့အတွက် ဖောရက်စ်ဂိုးသမား ဟန်နက်ဆီ လှုပ်ချိန်တောင်မရလိုက်တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အများစုက ဒီရာသီရဲ့အကောင်းဆုံးလို့ ပြောနေကြတဲ့ ထောင့်ကန်ဘောကို ပြုလုပ်ခဲ့ပြီးနောက် နော်တင်ဟမ် ဖောရက်စ်ကို ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

တန်ဟက်ရဲ့အသင်းဟာ အသင်းသားတွေထဲမှာ နာမကျန်းဖြစ်မှုတွေ ရှိခဲ့ပေမယ့်လည်း ခြေအသာနဲ့ ပွဲကို စတင်နိုင်ခဲ့တာဖြစ်ပြီး လင်ဒီလော့ဖ်၊ မက်တော်မီနေးတို့ ပွဲနေ့လူစာရင်းထဲ မပါဝင်ခဲ့ဘဲ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားကလည်း အရန်ခုံကနေသာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ဗဟိုခံစစ်နေရာမှာ လွန်ခဲ့တဲ့ ၉ ရက်ကမှ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကစားခဲ့တဲ့ ဗာရွမ်းနဲ့ ဘယ်နောက်ခံလူ လုခ်ရှောတို့က ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ ၁၉ မိနစ်မှာပဲ ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပြီး ခရစ်ရှန် အဲရစ်ဆင်ဆီကနေ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒိန်းမတ်ကွင်းလယ်ဖန်တီးရှင်ဟာ အန်တိုနီ ညာတောင်ပံမှာ ဖောရက်စ်နောက်ခံလူတွေကို ကျော်ဖြတ်ဖို့ ကြိုးပမ်းခဲ့ပြီးနောက် ရရှိလာတဲ့ ထောင့်ကန်ဘောကနေတဆင့် ပင်နယ်တီဧရိယာထဲမှာ ရှိနေတဲ့ ရက်ရှ်ဖို့ဒ်ဆီ ပေးပို့ခဲ့တာဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးရဲ့ကန်ချက်က တိကျသေသပ်တဲ့အတွက် ဖောရက်စ်ဂိုးသမား ဟန်နက်ဆီ လှုပ်ချိန်တောင်မရလိုက်တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဘန်လေအသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပြီးခဲ့တဲ့အပတ် ကာရာဘောင်းဖလားပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ တကိုယ်တော်အားထုတ်မှုနဲ့ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားအပြီး ဒုတိယမြောက် သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေဟာ လူမှုကွန်ရက်ပေါ်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ အကွက်ကို အံ့အားသင့်ခဲ့ကြပြီး ပြီးခဲ့တဲ့နှစ်တွေမှာ ထောင့်ကန်ဘောကနေ ဂိုးမသွင်းယူနိုင်တဲ့ စံချိန်ဆိုးတွေကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

"ဒီတည်ကန်ဘောက ငါတို့တွေ လုပ်နိုင်ခဲ့တယ်လို့ မယုံကြည်နိုင်လောက်တဲ့ တည်ကန်ဘောတစ်ခုပဲ"လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးက "လှလိုက်တဲ့ လုပ်ရိုးလုပ်စဉ်တစ်ခု"လို့ မှတ်ချက်ပေးခဲ့ပါတယ်။ 

Share

Loading Next Article...
က္က