ရော်နယ်ဒိုက ဒီရက်ပိုင်း ချက်ချင်းပြန်တုံ့ပြန်နေတာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုတယောက် ဒီရက်ပိုင်း စိတ်သိပ်ကြည်ဟန်တော့မရှိပါဘူး။ သူ့ကိုခေါ်မယ့်အသင်းမရှိလို့ ကာရင်တန်မှာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ဒီကနေ့ည ဗယ်လက်ကာနိုနဲ့ခြေစမ်းပွဲမှာတော့ ပါဝင်ကစားဖွယ်ရှိပါတယ်။



ဒါ့အပြင် ရော်နယ်ဒိုဟာ ဒီတပတ်အတွင်းမှာပဲ သူ့အကြောင်းသတင်းမှားတွေ ရေးသားနေတဲ့ မီဒီယာတွေကို ပြန်လည်တုံ့ပြန်ထားပါသေးတယ်။ မီဒီယာတွေက သူ့အကြောင်း တရက်လောက်မရေးဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊ လူတွေရဲ့အာရုံစိုက်မှုကိုရယူဖို့ လိမ်ညာနေမှသာ ပိုက်ဆံရမှာဖြစ်ကြောင်း၊ တနေ့မှာတော့ သူနဲ့ပတ်သက်တဲ့ သတင်းမှန်ကို ရဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။

ရော်နယ်ဒိုဟာ မနေ့ညကလည်း ကာရင်တန်မှာ လူငယ်ကစားသမားတွေနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတဲ့ဓာတ်ပုံကို သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာတင်ခဲ့ပါတယ်။ အဲ့ဒီပုံကို အခြားသော အင်စတာဂရမ်အကောင့်တခုက ယူတင်ခဲ့ပြီး “လက်ရှိနွေရာသီအတွက် ယူနိုက်တက်မှာ ရော်နယ်ဒိုရဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဥ်” လို့ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ နည်းနည်းလေးမှ အမှားမခံပါဘူး။

ရော်နယ်ဒိုက သူ့ရဲ့အင်စတာဂရမ်ကတဆင့် “ဒါ (၃) ကြိမ်မြောက် လေ့ကျင့်ခန်းအစီအစဥ်ပါ” လို့ ပြန်လည်ရေးသားတုံ့ပြန်ခဲ့ပါတယ်။ ရော်နယ်ဒိုက သူ့အနေနဲ့ စပို့တင်းလစ္စဘွန်းကိုပြန်ဖို့ သတင်းတွေထွက်နေချိန်မှာလည်း ဒီသတင်းတွေက “အတုအယောင်” တွေသာဖြစ်ကြောင်း ကိုယ်တိုင်တုံ့ပြန်ခဲ့ပါသေးတယ်။

ယူနိုက်တက်ဟာ မနေ့က အက်သလက်တီကိုမက်ဒရစ်နဲ့ အော်စလိုမြို့မှာ ခြေစမ်းပွဲကစားခဲ့ပြီး ဒီကနေ့မှာ ဗယ်လက်ကာနိုနဲ့ ဆက်တိုက် ခြေစမ်းပွဲကစားမှာပါ။ ရော်နယ်ဒိုဟာ ကာရင်တန်မှာ ဟာနီဘယ်လ်၊ ချာလီဆားဗေ့ချ်တို့လို လူငယ်ကစားသမားတွေနဲ့အတူ ကျန်ရစ်ခဲ့ပြီး ဒီကနေ့ည အိုးထရက်ဖို့ဒ်မှာတော့ ပွဲထွက်လာဖွယ်ရှိပါတယ်။ 

Share

Loading Next Article...
က္က