ဗီလာရီးရဲလ်ကို ၂-၀ နဲ့ ပထမပိုင်းမှာ အရေးနိမ့်ခဲ့အပြီး ဒုတိယပိုင်းမှာ ကလော့ပ်က လူး၀စ္စဒီယက်ဇ်ကို ထည့်သွင်းလိုက်ပါတယ်။ ကိုလံဘီယာသားဝင်ရောက်လာခဲ့ပြီးနောက်မှာ လီဗာပူးလ်ရဲ့ ကစားပုံက ပြောင်းလဲသွားခဲ့ပြီး ဒီယက်ဇ်ကိုယ်တိုင်က တဂိုးသွင်းယူကာ အသင်းရလဒ်ကို အပြောင်းအလဲဖြစ်အောင်ပါ လုပ်ပေးနိုင်ခဲ့တဲ့အထိ ခြေစွမ်းပြသွားခဲ့ပါတယ်။
ဒီပွဲအနိုင်ရပြီးနောက် ဒီယက်ဇ်ဟာ သူ့ရဲ့ကစားသမားဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားခွင့်ရရှိတော့မှာဖြစ်ပါတယ်။ ဒါကြောင့် အသင်းအနိုင်ရအပြီးမှာ ဒီယက်ဇ်တယောက် မျက်ရည်ကျတဲ့အထိ ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ပါတယ်။ လီဗာပူးလ်ကစားသမားဟောင်းတွေဖြစ်တဲ့ အိုဝင်နဲ့ပီတာခရော့ချ်တို့ကလည်း ဗိုလ်လုပွဲမှာ ဒီယက်ဇ်ကို ပွဲစတင်ကစားစေသင့်တယ်လို့ ထောက်ခံသွားခဲ့ပါတယ်။
လီဗာပူးလ်ကို ဒီရာသီရဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှ ရောက်လာခဲ့ပေမယ့် ဒီယက်ဇ်ကတော့ ခြေစွမ်းပြနေခဲ့တာပါ။ မြန်မြန်ဆန်ဆန်ပဲ အထိုင်ကျနေခဲ့သလို ချန်ပီယံလိဂ်သွင်းဂိုး ၂ ဂိုးနဲ့ အမှတ်ပေးဂိုး ၃ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ကာ ဖန်တီးပေးမှုကလည်း ၃ ကြိမ်ရှိသွားခဲ့ပါပြီ။ ကိုလံဘီယာသားရဲ့ ခြေစွမ်းက တော်တော်လေးအားရဖို့ကောင်းနေပြီး အရေးကြုံချိန်မှာ အားကိုးရမယ့်ကစားသမားဖြစ်ခဲ့ကာ ဝယ်ယူမှုက မှန်ကန်ခဲ့ပါတယ်။
အိုဝင်က "သူ့ကိုကစားသမားမျိုးကို ကျနော်မမြင်ဖူးသေးဘူး၊ သူဝင်လာပြီးမှာ လီဗာပူးလ်ရဲ့ ကစားပုံမြန်ဆန်သွားတာက မယုံနိုင်စရာပဲ၊ ဗိုလ်လုပွဲမှာ သူ့ကို သေချာပေါက်ပွဲထုတ်သင့်နေပါပြီ" လို့ ပြောဆိုခဲ့ပါတယ်။ ပီတာခရော့ချ်ကလည်း "အရမ်းကောင်းခဲ့တယ်၊ သူက ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့သူပဲ၊ ဗိုလ်လုပွဲမှာ သူ့ကို ပေးကစားရတော့မှာပါ" လို့ ချီးကျူးခဲ့ပြီး ဗိုလ်လုပွဲရဲ့ ပွဲထွက်လူစာရင်းမှာ ထည့်သွင်းဖို့ တိုက်တွန်းသွားခဲ့ပါတယ်။