ကြေညာမယ့်ရက် ထွက်မလာသေးပါဘူး။

၂၀၂၂ ခုနှစ်မော်ဒယ် iPhone SE 3 ဟာ iPhone 8 ဒီဇိုင်းနဲ့ပဲ လာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ 

iPhone 12 စီးရီးက စပြီး လေးထောင့်စပ်ဘေးဘောင် Flat Edge တွေ ပြန်ခေတ်စားလာချိန်မှာ iPhone SE (2022) ကိုလည်း ခေတ်သစ် iPhone ဒီဇိုင်းမျိုး သုံးလာမလားလို့ မျှော်လင့်မှုတွေ ရှိနေတာပါ။ ဒါပေမယ့်လည်း ဖုန်းသတင်းတွေ တင်ဆက်နေတဲ့ Dylandkt ဆိုတဲ့ leaker တစ်ယောက်ကတော့ iPhone SE သစ်မှာ ကြီးကြီးမားမား ဒီဇိုင်း ပြောင်းစရာမရှိဘူးလို့ ဆိုပါတယ်။ 



Photo: MacRumors


Dylandkt ရဲ့ အဆိုအရ ၂၀၂၂ မော်ဒယ် iPhone SE ဟာ iPhone SE (2020) နဲ့ တစ်ပုံစံတည်းဖြစ်ပြီး ဒီနှစ်ထွက် မော်ဒယ်မှာတော့ 5G ချိတ်ဆက်မှု ပါလာမယ်လို့ ဆိုပါတယ်။ iPhone SE (2020) ဟာ iPhone 8 နဲ့ တစ်ပုံစံတည်းဖြစ်ပြီး Update ဖြစ်တဲ့ Hardware Specs တွေနဲ့ လာတာပါ။ iPhone SE တွေရဲ့ ထုံးစံအတိုင်း iPhone သစ်တွေထဲမှာ ဈေးအသက်သာဆုံးဖုန်းတော့ ဖြစ်လာမှာပါ။ 

iPhone SE 2022 မော်ဒယ်ဟာ iPhone 12 စီးရီးမှာ သုံးသွားတဲ့ A14 Bionic Chipset နဲ့ လာဖို့ ရှိပြီး Screen Size ကိုလည်း အရင် ၂၀၂၀ မော်ဒယ်အတိုင်း ၄.၇ လက်မဆိုဒ်နဲ့ လာဖို့ ရှိပါတယ်။ အရင်နှစ် iPhone SE တွေဟာ အနက် ၊ အဖြူနဲ့ အနီ ၃ ရောင်နဲ့ လာပြီး ၂၀၂၂ မော်ဒယ်မှာ အပြာ ၊ ခရမ်းနဲ့ အစိမ်းရောင်တွေလည်း ပါဖို့ ရှိပါတယ်။ ကျောဘက်မှာ 12MP ကင်မရာနှစ်လုံး သုံးလာမယ်လို့ သတင်းပြေးနေပြီး ကြေညာမယ့်ရက် ထွက်မလာသေးပါဘူး။ 

နောက်နှစ်နှစ်လောက်မှာ ထွက်ဖို့ ရှိတဲ့ iPhone SE (2024) မှာတော့ iPhone 11 နဲ့ ပုံစံတူ ဒီဇိုင်းနဲ့လာပြီး Display Size ပို သေးမယ်လို့ Dylan က ခန့်မှန်းပါတယ်။ စတုတ္ထမျိုးဆက် iPhone SE မှာ နောက်ဆုံးပေါ် iPad Air သစ်လိုမျိုး ပါဝါခလုတ်ထဲ မြှပ်ထားတဲ့ Touch ID Sensor တစ်ခု ပါရှိမယ်လို့လည်း ဆိုပါတယ်။ Display ပိုင်း လေ့လာဆန်းစစ်သူ ရော့စ်ယန်းဂ်ကတော့ ၂၀၂၄ ထွက် iPhone SE ဟာ Punch-Hole ကင်မရာပါပြီး Screen Size ၅.၇ လက်မနဲ့ ၆.၁ လက်မအတွင်း ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က