ဒီဇိုင်နာ ဇနီးမောင်နှံနှစ်ဦး ဖွင့်ထားတာဖြစ်ပြီး ရှမ်းအစားအစာတွေနဲ့ ခိုတောင်မုန့်တီ၊ ဆီချက်၊ ခေါက်ဆွဲပြုတ်စတဲ့ မီးနူးအစုံရောင်းတာပါ။ ဖက်ထုပ်ဆီချက်၊ ဖက်ထုပ်ပြုတ်တွေက လူကြိုက်များပါတယ်။
မိုခမ်း ဆိုင်လေးဖွင့်ဖြစ်ခဲ့ပုံ
ဒီမိုခမ်း ရှမ်းခေါက်ဆွဲဆိုင်လေးရဲ့ ပိုင်ရှင် နှစ်ဦးကတော့ ဒီဆိုင်လေးကို မဖွင့်လှစ်ခင် ဒီဇိုင်နာအလုပ်ကို လုပ်ကိုင်စဥ်ကတည်းက ဖူးစာဆုံခဲ့ကြတယ်လို့သိရပါတယ်။ ဒါပေမယ့် ကိုဗစ်လိုမျိုး စီးပွားရေးကြပ်တည်းလာကြတဲ့ကာလတွေနဲ့ ကြုံလာရတဲ့အခါမှာတော့ လုပ်ငန်း (၂) ခုတွဲဖက်လုပ်ကိုင်မှသာလျင် ရှေ့ရေး အဆင်ပြေတော့မယ်လို့ ဆုံးဖြတ်ပြီးတော့ ဒီဆိုင်လေးကို ဖွင့်လှစ်ခဲ့တာလို့ ဆိုင်ရှင်တွေကပြောပါတယ်။
မီးနူးအစုံ(၂၀၀၀)တည်းနဲ့ရောင်းချရင်းစားသုံးသူအပေါ် စေတနာထားပေးတဲ့ မိုခမ်း
စားသုံးတွေထဲက အချို့ဟာ ဒီဆိုင်လေးရဲ့ အစားအသောက်နဲ့ လက်ရာတွေဟာ အလွန်စားကောင်းတာကြောင့်လာစားသူတွေဆီကနေ (၂၅၀၀) ကျပ်၊ (၃၀၀၀) ကျပ် အစရှိတဲ့ စျေးနူန်းနဲ့ ရောင်းရင်တောင်တန်တယ်၊ဒါ့အပြင့် စျေးနူန်းကိုလည်း တိုးမြှင့်ပြီးရောင်းချဖို့အတွက်ကိုလည်း အကြံပေးကြပေမယ့် လည်း စျေးနူန်း မပြောင်းလဲဘဲ(၂၀၀၀)နဲ့ပဲ ဆက်လက်ရောင်းချနေတာလည်း ဖြစ်ပါတယ်။တချို့သော စားသုံးသူတွေဟာ ဝယ်ယူသူများပြားတာကြောင့် စောင့်ဆိုင်းနေရတဲ့အပေါ်မှာစိတ်မရှည်တဲ့ Customer တွေကိုလည်းအပြုံးမပျက်ဘဲ စေတနာထားပြီး ရောင်းချပေးတယ်လို့ သိရပါတယ်။
အစားအသောက်စျေးနူန်းလေးတွေ
ရှမ်းအစားအစာတွေနဲ့ ခိုတောင်မုန့်တီ၊ ဆီချက်၊ ခေါက်ဆွဲပြုတ်စတဲ့ မီးနူးအစုံရောင်းတာပါ။ ဒါပေမယ့်လည်း ဘာပဲ စားစား တစ်ပွဲကို (၂၀၀၀) ကျပ်ပဲ ကျသင့်တာဖြစ်လို့ အတော်ကို တန်တယ်လို့ပဲ ပြောရမယ်။ ဒါ့အပြင် 'ဖက်ထုပ်ဆီချက်' နဲ့ 'ဖက်ထုပ်ပြုတ်' ဟာဆိုရင်တော့ တစ်ခါစားဖူးသူတိုင်း နောက်တစ်ခေါက် ထပ်လာစားချင်စိတ်ဖြစ်စေတယ်လို့လည်း ဆိုင်ရှင်တွေက အာမခံထားပါတယ်။
ဆိုင်လိပ်စာ
အကယ်လို့ လမ်းကြုံလို့ပဲဖြစ်ဖြစ်၊ တမင်သွားရောက် စားသုံးချင်တာပဲဖြစ်ဖြစ် 'မိုခမ်း ရှမ်းခေါက်ဆွဲဆိုင်'လေးကို သွားရောက် သုံးဆောင်ချင်သူတွေအတွက် ဆိုင်လိပ်စာလေးကတော့ ထန်းခြောက်ပင် လမ်းဆုံမှတ်တိုင်အနီး၊ ဘုရင့်နောင်လမ်းမကြီးနဲ့ သီရိမဂ်လာပတ်လမ်းထိပ်၊ ရွှေပြည်သာမြို့နယ်ပဲ ဖြစ်ပါတယ်။