Huawei ရဲ့ အမိုက်စားဒီဇိုင်းနဲ့ နောက်ဆုံးပေါ် နည်းပညာသစ်တွေ သုံးထားတဲ့ Huawei nova 10 စီးရီးကို ပြည်တွင်းဈေးကွက်မှာ ကြေညာသွားပါတယ်။
nova 10 စီးရီးဟာ တလက်လက်တောက်ပနေတဲ့ ကြယ်ပတ်လမ်းပုံစံကို အခြေခံထားတဲ့ Huawei Nova စီးရီးရဲ့ ဒီဇိုင်းတွေကို ဆက်သုံးထားတာပါ။ နောက်ထပ် ထူးခြားချက်က ဒီဖုန်းတွေဟာ ဆယ်လ်ဖီကင်မရာစနစ်မှာ ဆန်းသစ်မြှင့်တင်မှုတွေ လုပ်ထားတယ်လို့ ဆိုပါတယ်။ ၁၀ ခုမြောက်မျိုးဆက်သစ် nova ဖုန်းတွေဟာ အရှေ့ 60MP Ultrawide Autofocus ကင်မရာစနစ်ပါရှိပြီး ၁၀၀ ဒီဂရီ မြင်ကွင်းကျယ်စနစ်နဲ့ 4K ဗွီဒီယိုတွေ အထောက်အပံ့ပေးလာပါတယ်။
ဒီကင်မရာနဲ့အတူ 8MP Portrait ကင်မရာစနစ် သုံးထားပြီး ပထမဆုံးအနေနဲ့ 2x Optical Zoom ကနေ 5x digital Zoom စနစ် ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ focus စနစ်ကို မြှင့်တင်နိုင်ဖို့ Quad Phased Detection (QPD) နဲ့ Instant AutoFocus စနစ်တို့ ထည့်သွင်းထားတဲ့ အရှေ့ကင်မရာစနစ်သုံး ပထမဆုံးဖုန်းဖြစ်တယ်လို့လည်း ကြေညာပါတယ်။ Autofocus Lens ထဲမှာ Wide-Angle ပုံတွေရဲ့ ရုပ်ထွက်ကို ၁၁၉% ပိုကောင်းမွန်စေပြီး Focus Speed ၃၀% ပိုမြင့်မားတယ်လို့ ဆိုပါတယ်။
ကြည်လင်ပြတ်သားတဲ့ Portrait ပုံတွေ ရိုက်ကူးနိုင်စေဖို့ XD Fusion Frame Composition စနစ် ထောက်ပံ့ထားပြီး Bokeh Effect ရိုက်ချက်တွေ ရရှိဖို့ အရှေ့အလင်း ၊ အနောက်အလင်းနဲ့ Multi-Exposure High Dynamic Range (HDR) ရိုက်ချက်များလည်း ထည့်သွင်းထားပါတယ်။ Huawei nova 10 Pro မှာ ကျောဘက်ကင်မရာ 50MP Ultra Vision ဓါတ်ပုံနည်းပညာ ပါရှိပြီး အလင်းစုပ်ယူမှုအား ၄၀% ပိုများသလို Instant AF with QPD နဲ့ အလင်းအားနည်းတဲ့ ပတ်ဝန်းကျင်အတွက် အကောင်းဆုံးဓါတ်ပုံတွေ ဖန်တီးနိုင်မယ့် zero shutter-lag နည်းပညာတို့အပြင် AI Snapshot Function တို့လည်း ထောက်ပံ့ထားပါတယ်။
nova 10 စီးရီးဟာ အလေးချိန်နဲ့ ပါးလွှာမှုကိုလည်း မြှင့်တင်ထားသလို လက်ထဲမှာ ကိုင်လို့အဆင်ပြေမယ့်ဒီဇိုင်းအချိုး သုံးထားပါတယ်။ ၆.၇၈ လက်မဆိုဒ် nova 10 Pro ဟာ 7.88mm အထူနဲ့ အလေးချိန် 191g ရှိပြီး ၆.၆၇ လက်မ nova 10 ကတော့ 6.88mm အထူနဲ့ အလေးချိန် 168g ပဲ ရှိမယ်လို့ ဆိုပါတယ်။ nova 10 ကို Starry Black အနက်ရောင် ၊ Provence ခရမ်းဖျော့ကာလာတို့နဲ့ ထုတ်လုပ်ထားပါတယ်။ nova 10 Pro မှာ 100W SuperCharge အားသွင်းနည်းပညာပါပြီး ဖုန်းအား ၆၀% အားပြည့်ဖို့ ၁၀ မိနစ်ပဲ အချိန်ယူတယ်လို့ ဆိုပါတယ်။
nova 10 Pro မှာ အပူကူးပြောင်းမှုလုပ်နိုင်တဲ့ Ultra-Generation VC Liquid Cooling စနစ် ထည့်သွင်းထားသလို ဖုန်းမျက်နှာပြင်ပူတဲ့နေရာတွေကို အာရုံခံနိုင်တဲ့ AI နည်းပညာသုံး အပူအာရုံခံစနစ်တို့ ပါဝင်ပါတယ်။ new Touch Turbo 2.0 လည်း ပါတာကြောင့် မိုဘိုင်းလ်ဂိမ်းကစားရာမှာ ဖုန်းကို နည်းနည်းလှုပ်ရုံနဲ့ သတ်မှတ်ထားတဲ့ operation keys တွေ သုံးနိုင်မယ်လို့ ဆိုပါတယ်။ nova 10 စီးရီး Stereo Dual Speakers တွေ ပါဝင်ပြီး Histen Ultra-Wide Sound Field ထည့်သွင်းထားလို့ အကောင်းဆုံးအသံစနစ်ကို ခံစားနိုင်မှာပါ။
Huawei nova 10 စီးရီးမှာ ဆက်သွယ်ရေးအတွက် အဆင့်မြှင့်ထားတဲ့ WiFi 6 နဲ့ 3.2Gbps အမြန်နှုန်းနဲ့ အသုံးပြုနိုင်မယ့် 4K QAM Modulation စနစ်တို့ ထောက်ပံ့ထားပါတယ်။ RAM 8GB/256GB Storage သုံး nova 10 နဲ့ 10 Pro ကို ၁၃၉၉၀၀၀ ကျပ် နဲ့ ၁၅၉၉၀၀၀ ကျပ်ဈေးတွေနဲ့ စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၅ ရက်နေ့အထိ Pre-Order မှာယူနိုင်မှာ ဖြစ်ပြီး Huawei Band 7 တစ်လုံး လက်ဆောင်ရယူနိုင်မယ်လို့လည်း ပြောပါတယ်။